Saturday 19 March 2022

Bawm ချင်းတို. ရိုးရာ

 .CULTURE – The Young Bawm Association (YBA)

 Bawm (သို့) Bawm Chin , Banjogi ဟု လူသိများ၍ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ပြီး  ကူကီးချင်း ဘာသာစကား ပြောဆိုကြသည်. ဒေသအား "Bawmram" ဟု ခေါ်ဆိုကြသည်။ The Bom (သို့) Bawm သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား အသိုင်းအဝိုင်းဖြစ်ပြီး Bawm လူမျိုး သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အသေးငယ်ဆုံးသော လူမျိုးစုများထဲမှ တစ်ခုဖြစ်သည်။
 

အထူးသဖြင်. ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ၊  Rangamati ခရိုင် နှင်. Bandarban ခရိုင်တွင် အနေများပြီး  Bawm အဖွဲ.အစည်း အများစုသည် the Bethel Para , the Bandarban ခရိုင်တွင် နေထိုင် ကြသည်။

 Bawm ဘာသာစကားသည် အတော်အတန်ဖွံ့ဖြိုးပြီး အဘိဓာန်များ၊ ဘာသာရေးစာပေများ၊ သမိုင်းဝင်စာများ၊ ရိုးရာပုံပြင်များ၊ ဝတ္ထုတိုများနှင့် သိပ္ပံ စိတ်ကူးယဉ်စာအုပ်များ အပါအဝင် စာပေများစွာ ရှိသော်လည်း Bawm ဘာသာ စကား တိုးတက်စေရန် စွန်.စားမှု များစွာ လုပ်အပ်နေသေးသည်။

ဘာသာစကား တိုးတက်အောင်မြင်စေသည့် နည်းလမ်းတစ်ခုမှာ Bawm အသိုက်အဝန်းတစ်ခုလုံးတွင် ဘာသာစကားကို နောင်လာနောက်သားသို့ လက်ဆင်.ကမ်း လွှဲပြောင်းပေးရန်အတွက် လုံလောက်သော အရင်းအမြစ်များ ရှိနေကြောင်း သေချာစေရန် ဘာသာစကားပေါင်းစုံ ပညာရေးပရိုဂရမ်များကို အသုံးပြုခြင်းဖြင်. ရပ်ရွာလူထုအား စာအုပ်၊စာပေ အသုံးပြုခြင်း ပညာပေးရန်လိုအပ်သည်။

1981 ခုနှစ်တွင် Bawm 7,000 ခန့်သည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ တောင်ကုန်းများတွင် နေထိုင်ခဲ့ ကြပြီး 2004 ခုနှစ်တွင် Bawm 5,000 ဝန်းကျင်ခန်. အိန္ဒိယနိုင်ငံတွင် နေထိုင်ကာ တနိုင်ငံလုံး လူဦးရေ စုစုပေါင်း 16,000 ရှိသည်။ 2011 ခုနှစ်တွင် Bawm 10,000 သည် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တောင်တန်းများတွင် နေထိုင်ခဲ့ပြီး 1,500 Bawm သည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည် ။

 အိန္ဒိယနှင့် မြန်မာတို့တွင် Bawm ဘာသာစကား  ပြောဆိုသူဦးရေ ဆက်လက် ကျဆင်းနေသဖြင့် အိန္ဒိယနှင့် မြန်မာပြည်ရှိ Bawm အသိုင်းအဝိုင်းတွင် ဘာသာစကား၏ ခြိမ်းခြောက်မှု ပြင်းထန်စွာ ခံနေရသည်။ ဘင်္ဂလားဒေ့ရှ်တွင် ဘာသာစကား တည်ငြိမ်သော်လည်း ၎င်းဘာသာ စကားပြောဆိုသူ အရေအတွက်မှာ တိုးလာခြင်း မရှိပေ။

2004 ခုနှစ်တွင် Bawm 10,000 ခန့်သည် India တွင်နေထိုင်ခဲ့ပြီး နိုင်ငံအားလုံးတွင်လူဦးရေစုစုပေါင်း 24,500 ရှိသည်။ 2011 ခုနှစ်တွင်  12,000 သည် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းများတွင် နေထိုင်ခဲ့ပြီး 2,500 Bawm သည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်။ သူတို့သည် တရုတ်-တိဗက် Bawm ဘာသာစကားကို ပြောဆိုကြသည်။ (ကိုးကားချက်....ဝီကီပီဒီယား )


No comments:

Post a Comment