Friday 18 March 2022

ကူကီးချင်းတို.သမိုင်း (၂)

 (န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရခေတ် ကူကီးလူမျိုးများ၏ အခြေအနေ

(န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရသည် "မြေမျို၍ လူမျိုးမပြုန်း လူမျိုမှ လူမျိုးပြုန်းသည်" ဟူသော ဆိုရိုးစကားကို ဆုပ်ကိုင်ရင်း ကူကီးမြေနှင့် ကူကီး လူမျိုးများကို ဗမာလူမျိုးများမှ ပိုမိုဝါးမျိုးနိုင်ရန်အတွက် လူမျိုးကြီးဝါဒကို ဆက်လက်၍ အကောင်အထည် ဖော်လာခဲ့သည်။ (န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရလက် ထက်တွင် ကူကီး ပြည်သူ များကို ပိုမိုဖိနှိပ်အုပ်ချုပ်ရန်အ တွက် နယ်စယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအမည်ဖြင့်

(၁)။ ကူကီးဒေသတွင်  ဗမာရွာများကို ဆက်လက် တည်ဆောက်လာခြင်း၊
(၂)။ ကူကီးဒေသတွင် နေရာအနှံ့အပြား၌ ရဲဘက်စခန်းများကို ဆောက်လုပ်ခြင်း၊
(၃)။ ကူကီးဒေသတွင် တပ်စခန်းများကို ပိုမိုတိုးချဲ့ဆောက်လုပ်လာခြင်း၊
(၄)။ ကူကီးဒေသတွင် လမ်းများဖောက်လုပ်ခြင်း၊
(၅)။ ကူကီးဒေသတွင် မြေရိုင်းများကို လယ်ယာမြေမျာအဖြစ် ဖော်ထုတ်ခြင်း၊
(၆)။ ကူကီးဒေသတွင် အစားထိုး သစ်ပင်များကို စိုက်ပျိုးစေခြင်း၊
(၇)။ ကူကီးဒေသတွင် အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များအား ခိုလှုံတပ်စွဲစေခြင်း၊
(၈)။ ကူကီးဒေသတွင် ထမံသီရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၊
(၉)။ ကူကီးနယ်မြေ၏ အစိတ်အပိုင်းအချို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်းသတ်မှတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကူကီးဒေသတွင် ဗမာရွာများကို ဆက်လက် တည်ဆောက်လာခြင်း

ကူကီးမြေနှင့် ကူကီးလူမျိုး များကို ဝါးမျိုနိုင်ရန်အတွက် ကူကီးဘိုးဘွားပိုင်နယ်မြေအတွင်းတွင် ဆရာစံ၊ ဗန္ဒုလ၊ အောင်ယျေဇ၊ သံယော ဇဉ်၊ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ ရန်တို်င်းအောင်၊ ရန်ငြိမ်းအောင် အစ ရှိသော ဗမာရွာများကို တည်လာခဲ့ကြ သည်။ ထိုသို့ ဗမာရွာများတည်ရာတွင် ဗမာရွာများအတွက် လိုအပ် သော အိမ်ဆောက်ပစ္စည်းများကို ကူကီး လူမျိုးများအား ခွဲတန်းချပေးကာ စိုက်ထုတ်စေခြင်း၊ ဗမာရွာ များအတွက် တစ်နှစ်စာဖူလုံမည့် ရိက္ခါများကို ထောက်ပံ့စေခြင်း၊ ဗမာရွာများအတွက် လယ်ယာမြေများနှင့် ကျွဲနွားများကို ကူကီးလူမျိုးများထံမှ မတရား သိမ်းယူခြင်း၊ ဗမာရွာများအတွက် လိုအပ်သည်များကို လုပ်ကိုင် ဆောင်ရွက်ပေးရန် အတင်းအဓမ္မ လုပ်အား ပေးရခြင်းများကို ပြုလုပ်ခဲ့ ကြရသည်။

ပို၍ဆိုးဝါးသည်မှာ ကူကီးရွားများကို ဖျက်ဆီးပြစ်ကာ ထိုနေရာများတွင် ဗမာရွာများတည်ခြင်း၊ ကူကီးရွာ များအကြား ဗမာရွာများတည်ခြင်းများ ပြုလုပ်ခဲ့ကြခြင်း ပင်ဖြစ်သည်။ ဥပမာအားဖြင့် ကူကီးရွာဖြစ်သော Nungkam ရွာရှိ ပြည်သူများကို အတင်းအဓမ္မနှင်ထုတ်၍ ရွာနှင့် ရွာရှိ ဘုရားကျောင်းကန်များ၊ အိမ်ယာအ ဆောက်အဦးများ၊ အိမ်ထောင်ပရိဘောဂများအား မြေထိုးစက်ဖြင့် ဖျက်ဆီးပစ်ကာ ဆရာစံအမည်ရှိသော ဗမာရွာကို တည်ခဲ့ကြသည်။ မူလနေထိုင်သူများဖြစ်သော ကူကီးလူမျိုးများကို ပြန်လည်နေထိုင်လိုလျှင် ဗုဒ္ဓ ဘာသာအဖြစ် ကူးပြောင်းမှသာ နေထိုင်ခွင့်ပေးခဲ့ကြခြင်းဖြင့် ဘာသာရေးအရပါ ဝါးမျိုးလွှမ်းမိုးရန် ပြုလုပ်စီမံ ခဲ့ကြသည်။


ကူကီးဒေသတွင် နေရာအနှံ့အပြား၌ ရဲဘက်စခန်းများကို ဆောက်လုပ်ခြင်း
စစ်အစိုးရလက်ထက် တွင် ကူကီးပြည်သူများကို ဒုက္ခရောက်ရှိစေသည့် အခြားစီမံကိန်းတခုမှာ ကူကီး ဒေသအတွင်းရှိ သနန်၊ မြို့ သစ်၊ ဗန္ဒုလ၊ အောင်ယျေဇ၊ ဝက်ရှု၊ ထင်းဇင်နှင့် ရာဇဂြိုဟ်တို့တွင် ဘဝသစ် စခန်း ဟု ခေါ်ဆိုသော ရဲဘက်အ ကျဉ်းစခန်းများကို ဆောက်လုပ်ခဲ့ကြခြင်းပင်ဖြစ်သည်။ ကူကီး ပြည်သူများအား ထိုရဲဘက်အကျဉ်းစခန်းများမှ အကျဉ်းသားများနှင့်အတူ မြေရိုင်းများကို လယ်ယာ မြေများ အဖြစ် ဖော်ထုတ် စေခြင်း၊ ပြုန်းတီးနေသော သစ် တောများတွင် အစားထိုးသစ်ပင်များကို စိုက်ပျိုးရန် လုပ်အား ပေးအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းများကို လုပ် ဆောင်စေခဲ့ကြသည်။

ရာဇဝတ်မှုဖြင့် ရဲဘက်အကျဉ်းစခန်းသို့ ရောက်ရှိလာသော ရဲဘက်အကျဉ်းသားများကို သက်တမ်းစေ့ သောအခါ ကူကီးဒေသအတွင်း အခြေချနေထိုင်စေခြင်း၊ ထိုရဲဘက်အကျဉ်းသားဟောင်းများ အခြေချနေထိုင် နိုင်ရန် ကူကီးလူမျိုးများထံမှ မတရားသိမ်းယူသော လယ်ယာမြေများနှင့် ကျွဲနွားများကို ပိုင်ဆိုင်စေခြင်း၊ သံ ယောဇဉ် အမည်ရသော ရွာကိုတည်ပေးခြင်းများကို ပြုလုပ်၍ ပစ္စုပန်နှင့် အနာဂတ်တွင် မလိုလားအပ်သော ပြဿနာများပေါ်ပေါက်ကာ ပဋိပက္ခများနှင့် ဒုက္ခများရောက်စေရန် စီမံဆောင်ရွက်ခဲ့ကြသည်။
 

ကူကီးဒေသတွင် တပ်စခန်းများကို ပိုမိုတိုးချဲ့ဆောက်လုပ်လာခြင်း
စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် တွင် ကူကီးနယ်မြေအတွင်းရှိ တမူး၊ ခမ်းပတ်၊ ဘုက္ကန်၊ ဝိသုတ်၊ ကွန်းတောင်း၊ ဆရာစံ၊ မင်းသာ၊ မြို့သစ်၊ မွလ်နွေးလ်၊ အောင်ဇေယျ စသည်တို့အပြင် အထက်ချင်းတွင်းမြစ်ရိုးတလျှောက်၌ ထမံသီအထိ တပ်စခန်း များကို ပိုမိုတိုးချဲ့တည်ဆောက်လာခဲ့ခြင်းဖြင့် ကူကီးလူမျိုးများအား ပိုမို ဆင်းရဲဒုက္ခ ရောက်စေခဲ့သည်။ ထိုတပ် စခန်းများ တည်ဆောက်ရန်အတွက် ကူကီးလူမျိုးများအား လုပ်အားပေးအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း၊ ငွေ အားစိုက်ထုတ်စေခြင်းများအပြင် ၎င်းတပ်စခန်းများ၏ စားဝတ်နေရေး ကိစ္စရပ်များကိုပါ တာဝန်ယူရခြင်းများ ကြောင့် ကူကီးလူမျိုးများ၏ ဘဝမှာ ပို၍ပင် ဆင်းရဲကျပ်တည်း လာခဲ့ကြရသည်။

နောက်ဆက်တွဲအဖြစ် စစ်အစိုးရ၏ စစ်တပ်များဖြစ်သော ခလရ (၈၉)၊ (၂၂၈)၊ (၅၂) တို့အပြင် စစ် ထောက်လှန်ရေး (၁၇) နှင့် အခြားသော ဌာနပေါင်းစုံတို့၏ မတရားဆက်ကြေးကောက်ခံခြင်း၊ နှောက်ယှက် ခြင်း၊ ဖိနှိပ်ညှင်းဆဲ အနိုင်ကျင့်ခြင်း၊ လုပ်အားပေးအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ ရိုက်နှက် ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများကို ကူကီးပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ ခံစားကြရကာ ဘဝလုံခြုံရေး မှာလည်း ပို၍ပင် ကင်းမဲ့လာခဲ့ကြရသည်။

ကူကီးဒေသတွင် လမ်းများဖောက်လုပ်ခြင်း

စစ်အစိုးရလက်ထက်တွင် ဆက်သွယ်မှုလွယ်ကူစေရန် ဟူသော အကြောင်းပြချက်ဖြင့် ဒေသအနှံ့အပြား၌ လမ်းဖောက်လုပ်ခြင်းနှင့် တံတားများတည်ဆောက်ခြင်း စ သော စီမံကိန်းများကို ဆောက်ရွက်ကာ၊ ထိုစီမံ ကိန်း များ အောင်မြင်ရန်အတွက် ကူကီးလူမျိုးများအား မတ ရား အတင်းအဓမ္မလုပ်အားပေး စေခိုင်း ခဲ့ကြ သည့် အပြင် ငွေအား၊ ကျွဲနွားလှည်း စသည်တို့ကိုလည်း အခ ကြေးငွေမပေးဘဲ နေ့စဉ်ရက်ဆက် စိုက်ထုတ် စေခဲ့ကြသည်။

စစ်အစိုးရခေတ်တွင် ကူကီးပြည်သူများကို ဖောက်လုပ်စေခိုင်းခဲ့ကြသည့် လမ်းများမှာ သနန်-တုံဟဲလမ်း၊ ထမံသီ-ခန္တီးလမ်း၊ ထမံသီ-လေရှီးလမ်း၊ ဖိုင်လင်း-မွလ်နွေးလမ်းများနှင့် ထိုလမ်းတလျှောက်ရှိ တံတားများအ ပြင် ဒေသအတွင်းရှိ တမူးမော်လိုက်လမ်း၊ ကျွန်းတောရေရှင်မှ ဖိုင်လင်းအထိလမ်းများအပြင် တမူးမှ ကလေး၊ ကလေးဝမြို့အထိ လမ်းများကို ဖောက်လုပ်စေခိုင်းခဲ့ကြသည်။


ကူကီးဒေသတွင် မြေရိုင်းများကို လယ်ယာမြေမျာအဖြစ် ဖော်ထုတ်ခြင်း

စစ်အစိုးရသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် ၎င်းတို့တည်ခဲ့သော ဗမာရွာသစ်များတွင် နေထိုင်သူ များအတွက် ကီးပြည်သူများအား အ တင်းအဓမ္မလုပ်အားပေးစေခိုင်းကာ ဒေသအတွင်းရှိ မြေရိုင်းသစ်တော များကို ခုတ်ထွင်ရှင်းလင်းစေပြီး ထိုနေ ရာမြေများကို လယ်ယာမြေများအဖြစ် ဖော်ထုတ် စေခဲ့သည်။ စစ်အစိုးရ ၏ ဒေသဆိုင်ရာ အာဏာပိုင်များသည် မြေရိုင်းသစ်တောများကို ခုတ်ထွင် ရှင်းလင်းရာမှ ရရှိလာ သော အဖိုးတန်သစ်များကို ခိုးထုတ်ရောင်းချ၍ ကိုယ်ကျိုးရှာခဲ့ကြသည်။ ထိုမျှမကဘဲ လယ်ယာ မြေများ အဖြစ် ဖော်ထုတ်ရရှိလာ လယ်ယာမြေများကို ဗမာရွာသစ်များရှိ ဗမာလူမျိုး များကို ပိုင်ဆိုင် စေခြင်း၊ အချို့ကို အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များထံ ရောင်းချပိုင်ဆိုင် စေခြင်းများကိုပင် ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။


ကူကီးဒေသတွင် အစားထိုး သစ်ပင်များကို စိုက်ပျိုးစေခြင်း

စစ်အစိုးရသည် ကူကီးဒေသအတွင်းရှိ သစ်တောများမှ အဖိုတန်သစ်များကို အစီးအတားမရှိထုတ်ယူခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် အိန္ဒိယနိုင်ငံသို့ ခိုးထုတ်ရောင်းချခြင်း၊ ဒေသအတွင်းရှိ သစ်စက်ပိုင်ရှင်များနှင့် သစ်ကုန်သည် များထံ တရားမဝင်ရောင်းချခြင်း များကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြရာ ကူကီးဒေသရှိ သစ်တောများမှာ ပြုန်းတီးခဲ့ရသည်။ ထိုပြုန်းတီးခဲ့သော သစ်တောများတွင် အစားထိုးသစ်ပင်များစိုက်ပျိုးရန် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ ငွေကြေးအကူအညီဖြင့် စီမံကိန်းများကို ဆောင်ရွက် ခဲ့ကြသော်လည်း၊ ထိုစီမံကိန်းများ ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ကူကီးပြည်သူ များအား အတင်းအဓမ္မလုပ်အားပေးစေခိုင်း၍ စိုက် ပျိုးစေခဲ့ကြသည်။


No comments:

Post a Comment