Wednesday, 16 March 2022

📌အေဒီ ၁၇၈၀-၁၇၈၁ (မြောက်ဦးခေတ်နှောင်ပိုင်း)

 May be an image of 10 people
 
#အေဒီ ၁၇၈၀ (မြောက်ဦးခေတ်နှောင်းပိုင်း)
ဓမ္မရာဇ်ရာဇာမင်းတရား သက္ကရာဇ်(၁၁၄၂)ခု တန်ဆောင်ပုန်းလဆုတ် ကိုးရက်တနင်္လာနေ့တွင် .....,
#လေးမြို့ ချောင်းနေ ချင်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် သောင်းကြမ်းပြန်လေ၏။ မင်းတရားချီ သွား၍ တိုက်လေသော် စစ်လမ်းမသာသောကြောင့် #ချင်းတို့ကိုမနိုင်၍ပြန်လာတော်မူခဲ့၏။ (အရှင် စန္ဒာမာလလင်္ကာရ၊ စာ ၄၆၆) ထို အခါ မင်းကြီးကိုယ်တော်တိုင် ချီတက်ကာ တိုက် ခိုက်သော် လည်း ချင်းတို့အင်အားကြီးသော ကြောင့် မနိုင်ပေ။ 
 
ထိုအချိန်တွင် လေးမြို့ချောင်းတလျောက်တွင် ချင်းများ အလုံးအရင်းနှင့် နေထိုင်နှင့်ကြောင်းတွေ့နိုင်ပေသည်။ ၎င်းမင်းလက်ထက်တွင် တိုင်းပြည်သည် အစည်းပြေသကဲ့သို့ဖြစ်ကာ တိုင်းသူပြည်သားများလည်း မတည် မငြိမ် ဖြစ်နေပါသည်။ အုပ်စုများ လည်းကွဲနေပြီးပုန်ကန်မှု များလည်းစတင် ဖြစ်ပေါ်နေသော အချိန် နှင့်လည်း တိုက်ဆိုင်နေသည်။

အဘယမဟာရာဇာမင်း လက်ထက်တွင်လည်း ရခိုင်ပြည်တွင်းရေး မတည်ငြိမ်ပြန်ရာ အင်းဝပြည်သို့ စစ်ခေါ်သော ရခိုင်ခေါင်းဆောင်အချို့ကို ချင်းတောင်မင်းက ဖမ်းဆီးသိမ်းယူကြောင်း တွေ့နိုင်ပေသည်။ ဒါးဇင်ရိုင်းချောင်းဝယ်နေသော ငသံထွေက အဘယမဟာရာဇာမင်း၏ သားတော် ဟာရီ အန်းစား ခြေသလုံး ကြီး ဖေါင်သာရေ။ 

 
လေးခက်တောင်စားငထွန်းစံတို့အား လှေတော်တရာတန် မောင်းတလုံး မင်းဝတ်တန်ဆာအစုံကို ပေးအပ်၍ သက္ကရာဇ် (၁၁၄၃)ခု ကဆုန်လဆန်း ရှစ်ရက် တနင်္ဂ နွေနေ့တွင် အရှေ့အင်းဝပြည်ကို အစိုးရသော စဉ့်ကူမင်းထံ စစ်ပန်စေလွှတ်လိုက်သည်ဖြစ်၍ လေးမြို့ ချောင်းဖက်မှ တက်သွားကြလေလျှင် အရှေ့ပြည်စေတုတ္တရာသို့ ရောက်ကြလေသော် ချင်းတောင်မင်း , ငှက်ပျောငကြယ်ထိုင် တို့သည် စစ်ပြန်ခေါ်သူ လူတို့ကိုသိမ်းယူ အသီးသီးဥစ္စာ ရွှေငွေနှင့်ရောင်း စားကြလေ၏။ (အရှင်စန္ဒာမာလလင်္ကာရ စာ ၄၆၆) ထိုသက္ကရာဇ် (၁၁၄၃) ခရစ်နှစ် ၁၇၈၀ ခု အချိန်က ချင်းတောင်မင်း ငှက်ပျောငကြယ်ထိုင် အုပ်ချုပ်သောနေရာမှာ စေတုတ္တရာတောင် ပေါ်ဒေသ တွင်ရှိကြောင်း ဖော်ပြပါသည်။
 
📌#အေဒီ ၁၇၈၄ (မြန်မာတို့သိမ်းယူပြီးနောက်)
ရခိုင်အား မြန်မာတို့သိမ်းယူပြီးနောက်(၁၇၈၄) ဓညဝတီမြို့ဝန်မင်းကြီးကျော်ထင်က တိုင်းတား ဗိုလ်ချူပ်မင်း တို့ကိုပြောသည့် စကားမှာ-
“ငချင်းပြန်ငယ်၊ လက်ရုံးဘွေတို့ရှိရာ၊ ချီတက်လိုက်သွားလျှင် ကုလားတန်ချောင်ရှိ ချင်းမျိုး မျုံ(မြုန်) လင်းကဲး တို့လည်းထောင်လွှား၍ မလိုက်မလာ၊ တပ်တောင်တာအလုံးအရင်းနှင့် အတင်းနေသည်”
 
“ကုလားတန်ချောင်းရှိ ချင်းမျိုး , မျုံ ချောင်းရှိ၊ လင်းကဲးချော်(မြန်ချောင်းရှိလင်းကဲကျော်) ရင်ပေါင်၊ လေးဒူး ခေါင်းအကြီး တို့ကိုကျွန်တော်ကခေါ်၍ပေးပါမည်”။ မြန်မာတို့ ရခိုင်ကိုသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားများ အကြောင်းဖော်ပြချက်တွင် #လေးဒူး ဟုတဖန်ဖော်ပြပြန်လေသည်။ ထို့နောက် တိုင်း ရင်းသား ခေါင်းဆောင် များအား စုရုံးသစ္စာပေးကြောင်းဖော်ပြထားပါသည်။
 
#အင်္ဂလိပ်ခေတ်အုပ်ချုပ်ရေး ❇
#စစ်တွေနှင့်ကျောက်ဖြူတောင်တန်းဒေသများ#
ယခင်က ရခိုင်တောင်တန်းတရာမနည်းဥပဒေဖြင့် အုပ်ချုပ်ရာ ရခိုင်မြောက်ပိုင်းတောင် တန်းဒေသ အားသီးခြားခွဲထုတ်လိုက်လေသည်။ ၁၉၁၆ ခုနှစ်တွင် ကျောက်ဖြူတောင်တန်းဒေသ၊ စစ်တွေ တောင်တန်းဒေသများအားသီးခြားခွဲထားပြီး စစ်တွေနှင့်ကျောက်ဖြူဝန်ရှင်တော်မင်းများအောက်တွင် ချန်ထား ခဲ့လေသည်။ ထိုနေရာများမှ ၁၈၇၄ ခုနှစ် ရခိုင်တောင်တန်းတရားမ နည်းဥပဒေ (၁၈၇၄) အားဖျက်သိမ်း လေသည်။
 
၁၉၀၁၊၁၉၁၁၊၁၉၂၁၊၁၉၃၁ သန်းခေါင်စာရင်းများတွင် ထိုတောင်တန်းဒေသများအား "ချင်းတောင်များ"အဖြစ် သီးခြားရေတွက်ကာဖော်ပြထားလေသည်။ အထူးသဖြင့် Census of India 1931, Volum IX Burma, Appendix D တွင်ထိုဒေသများအကြောင်းကို အထူးဖော်ပြထားပါသည်။
 
ဝေးလံခေါင်းပါးသော(Remote Area)အရပ်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးကိုလည်း ရာနုန်းပြည့် မထူထောင် နိုင်သော ဒေသများဖြစ်ပေသည်။ ထိုလူမျိုးနွယ်စုများမှာ မိမိလူမျိုး အကြီးအကဲ ခေါင်းဆောင်များ အောက်တွင် နေထိုင်ပြီး၊ မိမိထုံးတမ်းဓလေ့များဖြင့် စီမံအုပ်ချုပ်လေသည်။ စာရင်းကောက်ခံသည်ဖြစ်စေ၊ အုပ်ချုပ်သည် ဖြစ်စေ လူမျိုးစုခေါင်းဆောင်များကို လေးစားက ထိုသူများ၏ အကူအညီကို ရယူလေ့ရှိပါသည်။ စစ်တွေ တောင်တန်းဒေသတွင် ဒေသ(၄)ခုပါရှိသည်။ 
 
(၁)ဘူးသီးတောင်ချင်းတောင် (၂) ပုဏ္ဏားကျွန်းချင်းတောင် (၃) မြို့ဟောင်းချင်းတောင် (၄) မင်းပြားချင်းတောင် များဖြစ်လေသည်။ ကျောက်ဖြူချင်းတောင်များတွင်(၁)ဖိုးခေါင်ချင်းတောင်များ (၂)အမ်းချင်းရွာ ၂၀ အုပ်စု (၃)ကိုင်းသာ ရွာစဉ်အုပ်စု တို့ဖြစ်လေသည်။ ထိုတောင်တန်းများအနက် လေးတူချင်းများနေထိုင်သော တောင်တန်းနှစ်မျိုးရှိလေသည်။
 

No comments:

Post a Comment