Tuesday 15 March 2022

ချင်းပြည်နယ်

 

ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့နှင့် နိုင်ငံတကာ နယ်နမိတ် ထိစပ်နေပြီး၊ ပြည်တွင်းတွင် လည်း ရခိုင်၊ မကွေး၊ စစ်ကိုင်းတို့နှင့် နယ်နမိတ် ထိစပ်နေပါသည်။ ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ် ပါဝင်ပြီး၊ စတုရန်း ကီလိုမီတာ ၃၆ဝ၇၂ ကျယ်ဝန်းကာ မြို့တော်မှာ ဟားခါးဖြစ်သည်။ ၎င်းသည် ခန့်မှန်းခြေ လူဦးရေ ဝ.၄၇ သန်း (၂ဝ၁၁ ခုနှစ် အချက်အလက် အရ)၊ လူဦးရေ သိပ်သည်းမှုမှာ စတုရန်း ၁ ကီလိုမီတာလျှင် ၁၃ ဦးတို့နှင့် အတူ လူဦးရေ အားဖြင့် ဒုတိယ အနည်းဆုံး ပြည်နယ်ဖြစ်သည်။ လူဦးရေ၏ ၁၇%သည် မြို့ပြဒေသတွင် နေထိုင် ကြပြီး၊ ကျန်ရှိသော ၈၃% မှာ ကျေးလက် ဒေသတွင် နေထိုင်ကြသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်/ တိုင်းဒေသကြီးများတွင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး၊ ကာလရှည် ဆင်းရဲ နွမ်းပါးမှုနှင့် စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်းတို့သည် အခြားသော အကျိုးဆက်များဖြစ်သည့် ကျန်းမာရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုများ နှင့်အတူ အရေးကြီးသော ကိစ္စရပ်များ ဖြစ်ပါသည်။ ချင်းပြည်နယ်၏ ပထဝီဝင် ဆိုင်ရာ သွင်ပြင် လက္ခဏာများကြောင့် ဝင်ရောက် ကူညီ ဆောင်ရွက်ရာတွင်လည်း မြို့နယ်တစ်ခုနှင့် တစ်ခုအကြား သွားလာမှုတွင် ထောက်ပံ့ ပို့ဆောင်ရေး အခက်အခဲများက အတားအဆီး အနှောက်အယှက် ဖြစ်စေပါသည်။

No comments:

Post a Comment