Friday 18 March 2022

ယနေ. ချင်းလူမျိုးတို.အမည်

 

ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်အစုကြီး ၃စု ဖြစ်သည့် မွန်ခမာ အနွယ်၊ တိဗက် မြန်မာအနွယ်နှင့် ထိုင်းတရုတ်အနွယ်တို့အနက်မှ တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည့် အခြေခံ အားဖြင့် ချင်းလူမျိုးတို့လည်း မေထေးချင်း ရိုး⁠ရိုးဟု ခွဲခြားထားသော်လည်း နေထိုင်ရာအရပ် ဒေသကိုခွဲ၍ လည်းကောင်းဒေသ အမည်ဖြင့် ခွဲခြားခေါ်ဝေါ် ကြခြင်းများလည်းရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်) ချင်း၊ ဖလမ်းချင်း၊ အားခါချင်း မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပတ်လက်ချင်း၊ ပလက်ဝချင်းနှင့် ဝချင်း နှင့် မြေပြန့် ချင်းဟူ၍ အမည်အမျိုးမျိုးရှိ၍နေ ခြင်းပင်ဖြစ်သည်။

ချင်းပြည်နယ်မှ လူမျိုးအုပ်စုနေဖြင့် များစွာကွဲပြားခြားနားနေကြသော်လည်း စကားအုပ်စုအနေဖြင့်မှု အနည်းငယ်သာ ခြားနားမှုရှိသည် ပင်မစကားကြီးများရှိပြီး ဒေသန္တရဆိုင်ရာ အသုံးအနှုံးများ ဝေါဟာရများ နှင့် လေယူလေသိမ်း အသံထွက်အလေးအပေါ့သာ ကွဲပြားကြသည်။


ယနေ့ Zomi၊ Laimi၊ Kuki၊ Thado၊ ခေါင်ဆိုင်၊ Cho၊ Asho ၊ Khumi၊ Matu၊ Mara ,Zotung စသည်ဖြင့်ခေါ် ဝေါ်ကြသော မျိုးနွယ်စုများ ၏ပင်ရင်းအမည်သည် “ချင်း”ပင် ဖြစ်သည်။ “မီး”(mi) ဟူသည် ဗမာလို “လူမျိုး” ဟု အဓိပ္ပာယ်ရသည်။ ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအဝိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမသည် ပို၍လူသိများ လာပြီ ဖြစ်သည်။

No comments:

Post a Comment