Wednesday, 16 March 2022

📌အေဒီ ၁၄၄၆- အေဒီ ၁၇၆၂ (မြန်မာကျောက်စာ/မြောက်ဦးခေတ်)

 đŸ“Œá€Ąá€ąá€’ဎ ၁၄၄၆/ ၁၄၅၄ (မြန်မာကျောက်စာ)

#ချင်းလင်းအပြိုင်၊ ရခိုင်သံတွဲ၊ သက်ခပဲးတို့ဝ်ကိုဝ်တမူလေလေည်း အစိုဝ်းရစင်ပြီးထသော။ ၈၀၈ ခုစွဲ၊ စစ်ကိုင်းမြို့၊ မဟာသီဟသူရကျောင်းကျောက်စာ ၅။ ၈၁၆ ခုစွဲ၊စစ်ကိုင်းမြို့၊ သစ်ဆိမ်ကတော် ကျောင်း ကျောက်စာ ၅။ထိုကျောက်စာများတွင်လည်း ရခိုင်ရိုးမနှင့် တောင်ခြေတောက်လျောက် အနီးတဝိုက် တွင် ချင်းများ လင်းများကိုတွေ့ရကြောင်း ဖော်ပြပါသည်။
 
📌အေဒီ ၁၄၄၆ (မြန်မာကျောက်စာ)
ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက် ၁၁၄၆၊ ခရစ်နှစ် ၁၇၈၄ ခုနှစ်ထိုး၊ ထိုမဟာမုနိ ကျောက်စာတွင် ပေါ်လာသည်မှာ- ရခိုင်ဟဲးရုမ်၊ သက်မြုမ်ကံးရမ်၊ တောင်ဝှမ်းတလျောက်အနောက် ပဋိက္ကရားစသော သင်း ဘောသား ကုလား၊ ကန်တူးငနားကြီး ရေပေါ်မီးက (တောက်၊) အမြီး ရောက်တသင်း၊ ချင်းလင်း၊ သိန်း ပေါ၊ ထမုန်ထရူးစသော။ ၁၁၄၆ ခုစွဲ အမရပူရ-မန္တလေး။ မဟာမုနိမိဖုရားကျောက်စာ၂၈-၂၉။
 
📌အေဒီ ၁၅၇၂ (မြောက်ဦးခေတ်)
တခါလည်း မင်းဖလောင်းလက်ထက်(ခရစ်နှစ် ၁၅၇၂)တွင် ဗလရဲကျော်သည် ကင်းခွန်ငွေများကို ခိုးယူပြီး တရွေချောင်းလမ်းက အရှေ့ပြည်သို့ ထွက်ပြေးလေရာ ချင်း တို့ကဖမ်းမိ ပို့ဆက်လာ ကြောင်းဆိုပါသည်။ (အရှင်စန္ဒာမာလလင်္ကာရ၊ စာ ၃၄၉) ရခိုင်ဘုရင်မင်းဖလောင်းလက်ထက်တွင် အရှေ့ဖက်မှ တောင်ငူမင်းတရား ရွှေထီးစစ်ချီလာသောအခါ ညီတော်ကုလတန်စားချစ်နှောင်း ကို လည်း မြုံ ၊ သက် ၊ လင်းကဲ ၊ ချင်း၊ ချော် ၊ ခွေးမွေး ၊ လေးတူး ၊ တဲခွ၊ ချောင်းသား ၊ ကတူး၊ ချုပ်လဟော် လူမျိုးတို့နှင့် ဖိုးခေါင်တောင် အရှေ့ဖက် ကျေးရွာ သို့ ချီတက်စေသည်။ 
 
ထိုမင်းလက်ထက်တွင် တိုင်ရင်းသားဌာနေလူမျိုးများကို များစွာစုစည်းနိုင်ခဲ့ပါသည်။ မြောက်ဦး၏ ရွှေခေတ်ဟု ဆိုနိုင်သော ကာလဖြစ်လေသည်။ အကြောင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီ ညွတ် ရေးကို မှန်ကန်စွာ တည်ဆောက်နိုင်သော ကြောင့်ပင်ဖြစ်ပါသည်။ လေးတူတို့၏အမည်အား ပထမဆုံး ဖော်ပြသော အထောက် အထား ပင်ဖြစ်လေသည်။ ရခိုင်ဘုရင်တပ်တော်တွင် လေးတူး တို့သည်လည်း စစ်အင်အား တစ်ရပ်အဖြစ် ပါဝင်ခဲ့လေသည်။
 
📌အေဒီ ၁၅၉၃ (မြောက်ဦးခေတ်)
သကရာဇ် ၉၅၅ ၊ ခရစ်နှစ် ၁၅၉၃ တွင်နတ်ရွာစံသော မင်းဖလောင်းလက်ထက် အမတ်ပညာ ကျော် လျောက်ထုံးများတွင်လည်း ချင်းလူမျိုးများအ ကြောင်းတွေ့ရပေသည်။ ၄င်းလျောက်ထုံးများ အတွင်း #လေးထုတောင်ပေါ်သား ဟူသောအသုံးအနှုန်းများကိုလည်းတွေ့ရသည်။ လေးထုမှာ လေးတူချင်း များကို ဆိုလိုဟန်ရှိပေသည်။ ထိုချင်းတို့မှာ လေးမြို့စားအားဖြင့်ယဉ်ကျေးလာသည် ဆိုပေရာ မြေပြန့်တွင်အတည်တကျဖြင့် ရွာတည်ကာကိုးကွယ်ရာလည်းတည်နေပြီဖြစ်ကြောင်း ဆိုလိုခြင်းဖြစ် ဟန် တူပေသည်။ 
 
(အရှင်စန္ဒာမာလလင်္ကာရ၊ စာ၃၄၉) လေးမြို့စားသည် ညာဏ်အရာ တွင်အလွန် လိမ္မာသောသူဖြစ်သည်။ တိုင်းရင်းသားလူနည်းစုများကို ပေါင်းသင်းနိုင်သည်။ မိမိတို့နှင့် ဝင်ထွက်သွား လာစေရန်လုပ်ဆောင်သည်။ နယ်စားအဆင့်သာဖြစ်သော်လည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အလေးထားလေသည်။ တောင်ပေါ်နေ လေးတူချင်းတို့သည် ၁၆ ရာစုနှောင်း အရောက်တွင် ရခိုင်မြေပြန့်ဆီသို့ တဖြည်းဖြည်း ရွှေ့ ပြောင်း နေထိုင်ကြကာ ယဉ်ကျေးမှုများလည်း တိုးတက်ပြောင်းလဲ လာဟန်တူလေသည်။ လေးတူချင်း အချို့ သည် မြေပြန့်ဆင်းလာပြီးရခိုင်တို့၏ အုပ်ချုပ်မှုအတွင်း သို့ရောက်ရှိလာခြင်းဖြစ်လေသည်။
 
📌အေဒီ ၁၆၉၀ (မြောက်ဦးခေတ်)
သက္ကရာဇ် (၁၀၆၀)ပြည့် ဝါခေါင်လဆန်းလေးရက် တနင်္လာနေ့တွင် နရဓိ်ပတိမင်းကို နန်းတော် ကချပြီးလျှင် စန္နသုဓမ္မရာဇာဟူသော ဘိုးတော်အမည်ကိုခံ၍ နန်းတက်တော်မူ၏။ နန်းတက်၍ တဆယ့်လေးရက်ရှိလျှင် ပြည်သူတို့သည် မကြိုက်၍ နန်းတော်ကချပြီးလျှင် နရပတိမင်းကို နန်းတင် တော်မူကြပြန်သည်။ ပြည်အလုံး လည်း ငတ်မွတ်၍ ချောင်း မြောင်းတောင်ကြား မြေပြင်ကြောင်းလမ်းတို့သူခေါင်းထပ်မျှ သေကြေလေ ကုန်၏ ရေတွင်လည်းကြွမ်းထင်းကဲ့သို့ သူကောင်းတို့သည် မျော လေ ကုန်၏။ 
 
တောင်သူတောင်သားချင်းလင်း တို့သည် ဖမ်းဆီးယူငင်၍ ရောင်းစားလေသည်လည်း များလှကုန်၏။ (အရှင် စန္ဒာမာလလင်္ကာရ၊ စာ ၄၂၇) တောင်သူ တောင်သားချင်းလင်းတို့ အဖြစ် ဖော်ပြထားပါသည်။ ၎င်းတို့မှာ တောင်တန်း တောနက်နက်တွင်နေထိုင်သော ချင်းများကို ဆိုလိုဟန်ရှိ သည်။
 
📌အေဒီ ၁၇၃၇ (မြောက်ဦးခေတ်)
သက္ကရာဇ် (၁၀၉၉)ခု တော်သလင်းလတွင် ရွှေနန်းတက်တော်မူလေ၏။ ထိုမင်းကား စန္နဝိဇယရာဇာ-ဟူသောအမည်ကိုခံတော်မူ၏။ ထိုအခါ စေတုတ္တရာလောင်းချေအရပ်က ချင်းတို့သည် ဆင်း ရောက်လာ၍ လေးမြို့ချောင်းကို ဖျက်စီးလေသောကြောင့် တပ်စောင့်ထားသော ကုလား ကတျာ သည် လေးမြို့ချောင်းမှ ပြေးလာ၍ ရေဝင်းတော် တောင်ဖက် အပေါက်တံခါးဝက ဝင်ပြီးလျှင် ရှမ်းတောင်သို့တက်၍ ပန်းဝါသား ကုလား ခြောက်သောင်းတို့နှင့် ပြောင်းတပ်တည်ပြီးလျှင် သက္ကရာဇ် (၁၀၉၉)ခု တန်ခူး လဆန်းနှစ်ရက် တနင်္လနေ့ ညဉ့်သန်းခေါင်အချိန်တွင် ရွှေနန်းတော်ကို ပြောင်း လက်နက်ဖြင့် ပစ်လေ၏။ 
 
(အရှင်စန္ဒာမာလလင်္ကာ ရ၊ စာ ၄၄၂) ထိုအချိန်က မင်းပြားတောင်တန်းတကြောနှင့် စေတုုတ္တရာဖက်တွင် ချင်းတို့သည် အင်အားကြီးစွာနေထိုင်နေသည်။ ထိုကြောင့် ရခိုင်လေးမြို့ချောင်း တိုင်အောင် ရောက်လာခြင်း ဖြစ်သည်။
 
ရခိုင်ဘုရင်စန္ဒဝိဇယရာဇာမင်းသည် မင်းတဆဲ့တဆက်ပျက်ပြားရှိလေရာ ကုလား၊ မြန်မာ၊ တလိုင်း၊ ဟိန္ဒူ၊ ချင်း၊ လင်း၊ သက်၊ မြုံ၊ ဘုန်း၊ ဟရီ၊ သချင်္ီ၊ စဏ္ဍာလ၊ ဟရာ၊ လမိုင်း စသော လူအပေါင်းတို့သည် ရောနှောရှက်တင် သားမြေးမြင်၍ရှိလေသည်။ ထိုလူမျိုးများကို အသီးအခြားခွဲ ကာ နေစေကြောင်းဆိုလေသည်။
 
📌အေဒီ ၁၇၆၂ (မြောက်ဦးခေတ်နှောင်းပိုင်း)
တဖန်လည်း ရခိုင်မင်းစန္နပရမရာဇာမင်းကြီးလက်ထက်တွင် ရခိုင်ပြည်တွင် အချင်းချင်းနန်း လုတိုက် ခိုက်ကြရာ အချို့ရခိုင်ခေါင်းဆောင်များ သည် အရှေ့ဖက် ဗမာပြည်သို့သွားကာ စစ်ပန်လေသည်။ ထိုအခါ ရခိုင်ပြည်နှင့် ဗမာပြည်တို့ စစ်ဖြစ်လေရာ ရခိုင်တို့ဖက်မှနေကာ ချင်းတောင်မင်းကြီးတို့က ကူညီကာ တိုက်လေသောကြောင့် ဗမာစစ်သည်တို့ပျက်စီးခဲ့ဖူးလေသည်။
 
ရခိုင်ပြည်လောင်းကြက်ဟောင်းတွင်နေသော မြဝါ။ ရမ်းဗြဲ့ကျွန်းတွင်နေသော အောင်ဇေယျ။ မုရခည်း စား မောင်ဦး။ မာန်အောင်ကျွန်းတွင်နေသော ဗိုလ်မင်းလာဦး။ လူလေးယောက်တို့ ပေါင်း ဖက်၍ အင်းဝမြို့သို့ သွားပြီးသော် နောင်တော်ကြီးမင်းထံ စစ်ပန်လေ၏။ နောင်တော်ကြီး လည်း မဆင်မခြင် မတွေးမဆဘဲ ရွှေပြည်ဝန်ကိုခေါ်တော်မူ လက်နက် ကိုင် လူငါးသောင်းနှင့် ရခိုင်ပြည်ကို တိုက်ဖျက်လေ ဟု စေတော်မူလိုက်၏။ ရေပြည်ဝန်လည်း ချီလာ၍ #စေတုတ္တရာမှလေးမြို့ချောင်းသို့ ချီတက်လာ သည်ကို စန္နပရမရာဇာမင်းကြီး ကြားတော်မူလေလျှင် အမတ်တာ်ရမ်းဗြဲ့စားနှင့် ရာဇဂြိုဟ်စားတို့ကို များစွာသောရဲမက်ဗိုလ်ပါတို့နှင့် စေလွှတ် တော်မူလိုက်၏။ 
 
ခရစ်နှစ် ၁၇၆၂ ခန့်က ချီသွား၍ ဖိုးခေါင် တောင်ကဆီးလျှက်တိုက်လေသော် လမ်းမသာသော ကြောင့် #ချင်းတောင်မင်းကြီးတို့ကို ဆုလပ်ပေး ၍ ထပ်မံတိုက်ခိုက်လေလျှင် မြန်မာစစ်သည်တို့သည် ပျက်စီး၍ ပြန်လေကုန်၏။ ထိုအချက်မှာ မင်းပြားတောင်တန်းဒေသရှိ လေးမြို့မြစ်လက်တက်များတွင်နေထိုင်သော လေးတူချင်းတို့၏ အကြီး ချင်းတောင်မင်းကြီးသည် အင်းအားကြီးမားခြင်း၊ တောတောင်ရေမြေ ကျွမ်းကျင် ခြင်း တို့ကြောင့် ရခိုင် အား တိုက်ရန်လာသော ဗမာမင်းတပ်များအား ခြေမှုန်းနိုင်ခဲ့သော သမိုင်း အထောက် အထားပင် ဖြစ်ပါ သည်။
 
ထိုအချက်မှာ တောင်တန်းဒေသဖြစ်သော ယနေ့ရခိုင်ရိုးမမြောက်ဖျားဒေသ (ဖိုးခေါင်တောင်ရိုး) ကို ချင်းတောင် မင်းကြီးများက အသီးအခြားအုပ်ချုပ် မင်းမူနေကြောင့်တွေ့ရပေသည်။ ၄င်းတို့နယ်ပယ် ဒေသ အတွင်း လမ်းပန်းမကျွမ်းကျင်သော နောင် တော်မင်း၏ စစ်တပ်များသည် မရှုမလှပျက်ခဲ့ရ ပေသည်။ 
 
(အရှင်စန္ဒာမာလလင်္ကာရ၊ စာ ၄၄၉) ထိုအချက်မှာအထူးအရေးကြီးသည်။ ရခိုင်တွင် နေထိုင်သော ဌာနေ တိုင်းရင်းသားချင်းလူမျိုးများသည် ရခိုင်ဘုရင်နှင့် ဆက်ဆံရေးကောင်းစွာ တည် ဆောက်ထားရှိလေသည်။ ရခိုင်ဘုရင်များ၏ လိမ္မာပါးနပ်မှုသည် နိုင်ငံအပြောင်းအလဲတွင် အရေးပါ လှပေသည်။

No comments:

Post a Comment