ချင်းလူမျိုးများသည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများတွင် ရှေးပဝေသဏီကပင် နေထိုင်ခဲ့ကြသည်။ ယင်းတို့နေထိုင်ရာ ဒေသသည် တောတောင်ထူထပ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ်လာများ၊ အနည်းငယ် ကွဲပြားလာကာ ဒေသအလိုက် မိမိတို့ ကိုယ်ကို မိမိတို့ အခေါ်အဝေါ်များ ကွဲပြားလာခဲ့၏။
တောင်ပေါ်ဒေသနေ ချင်းတို့အနက် တီးတိန်နှင့်တွန်းဇံနယ်တွင် နေထိုင်ကြသူများက မိမိတို့ကိုယ်ကို ” Zo “, ” Yo”, ” Yao” ဟုခေါ်ဆိုရာမှ ” Zomi” ဟု အချင်းချင်း ခေါ်ဆိုကြသည်။ ဖလမ်း၊ ဟားခါး၊ ထန်တလန်နယ်တွင် နေထိုင် ကြသူများက ” Lai “, ” Laizo” ဟုခေါ်ဆိုရာမှ ” Laimi ” ဟု ခေါ်တွင်ကြ၏။ မင်းတပ်၊ ကန်ပက်လက် နယ်များတွင်မူ ” Cho”, ” Chou”, ” Chhaw” ဟုခေါ်ဆိုကြ၏။ ပလက်ဝနယ်တွင် ” Khu”, ” Khumi” နှင့် ” Khami” ဟု ဆင်တူယိုးမှား အမည်များသုံးစွဲခေါ်ဝေါ်ကြ၏။ India နိုင်ငံ Mizogam ပြည်နယ် တွင်မူ ” Mizo” ဆိုပြီး တစ်မျိုးတည်း ခေါ်ဝေါ်သုံးစွဲကြ၏။
အာသံနှင့်မဏိပူရပြည်နယ်နေ ချင်းလူမျိုးများကို ယခင်က ” Paite” (ပိုင်သဲ) ဟုခေါ်ဝေါ်ကြရာမှ ယခုအမည် မှန်ဟု တွေ့ရှိလာကြသော ” Zomi” (ဇိုမီး) ဖြင့် ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။
မြေပြန့်ဒေသ- သရက်၊ သံတွဲ၊ အောင်လံ၊ မင်းဘူး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပျဉ်းမနားမြို့စသော မြို့နယ်များတွင် နေထိုင်သော ချင်းလူမျိုးများကို မိမိတို့ကိုယ်ကို”
A-sho” (အရှို) ဟုခေါ်ဝေါ်ကြသည်။ ဂန်ဂေါ၊ ထီးလင်း၊ ဆော၊ ငဖဲနယ်များတွင် ” Yaw” , ” Chaw”, ” Khaw”, ” Saw” စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြ၏၊
အမည်နာမများ
ဇို (Zo) , အရှို (A -sho), ခူး (Khu), ယော (Yaw), စသည်တို့မှာ ရှေးဘိုးဘေးတို့၏ နာမည်ကို အသံထွက် ကွဲလွဲ ခေါ်ဆိုခြင်း ဖြစ်ဟန်တူသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံ
ဘီစီ 600 – တိဗက်မှဟိမြစ်ကြောင်းအတိုင်း ဟူးကောင်းချိုင့်ဝှမ်းကိုဖြတ်ပြီး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်၊ ထိုမှတဆင့် အရှေ့ဖက်လှည့်ရ်ျ တကောင်းမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြ၏။ အခြားတစ်ဖွဲ့မှာ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ချိုင့်ဝှမ်း အောက်ပိုင်းသို့ ဆက်လက်ဆင်းသက်ပြီး၊ လူဦးရေ များပြားလာသည်။ ” ချင်းတွင်း” ဆိုသည်မှာ ချင်းအမျိုးသားများ၏ဋ္ဌာနေ ( The Home of The Chins) ဟူရ်ု အဓိပါယ်ရ၏။ ယင်းဒေသရှိ ချင်းလူမျိုးများကို အစွဲပြုရ်ု ယခင် သာလာဝတီမြစ်ကို နောက်ပိုင်း ” ချင်းတွင်းမြစ်” ဟု အမည် အစားတွင်လာသည်။
BC 100 – ချင်းမျိုးနွယ်စုများသည် ပုဂံအနီးဘုရားကြီးဒေသ တွင်နေထိုင်ခဲ့ကြသည်။
AD 600 – စစ်ကိုင်း၊ မင်းတိုင်ပင်၊ မုံရွာ၊ ဒီပဲယင်း၊ ပုလဲဒေသ များတွင် နေထိုင်ခဲ့ကြသည်။
AD 835 – ချင်းတွင်းရှိ Shou မြို့တော်ကို နန်ချိုဖက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
AD 842 – သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုံး၊ တောင်တွင်းကြီး၊ သံတွဲ၊ ပုပါးတောင်စသော နယ်များတွင် နေထိုင်ခဲ့ကြသည်။ ပုပါးသည် ပါဋိမဟုတ်ပဲ၊ ဗမာစကားသော်လည်း မဟုတ်ချေ။ ချင်းစကားမူရင်း မှ ဆင်းသက်လာသည်။ ချင်းစကားအရ Pupa ” ဘိုးဘေး” ဖြစ်ရ်ု ဘိုးဘေးများက နတ်ပူဇော်ရာတောင် ဖြစ်သောကြောင့် ပူပါး (ဝါ) ပုပါးတောင် ဟုခေါ်ဆိုကြသည်ဟု မြေပြန့်တွင် နေထိုင်ကြသော အရှိုချင်းများက ပြောစမှတ်ပြုကြသည်။
AD 849 – ပုဂံ (ပျူရမ် – Pyu gam)၊ ပူဂမ် (Pugam) ဒေသတွင်နေထိုင်ကြသည်။
AD 1300 – ပထမမြန်မာနိုင်ငံတော် ပျက်စီးပြီးနောက် ရှမ်းလူမျိုးများနှင့်အတူ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းနယ် များတွင်နေထိုင်ခဲ့ကြသည်။
AD 1370 – ရာဇကြို (Yasagyo)၊ ခေါ့ခင်၊ ကလေးနယ်များတွင် ရှမ်းစော်ဘွား ကျေးတောင်ညိုအုပ်စိုးသော ခေတ် (1402- 1423) အထိ နေထိုင်ခဲ့ကြသည်။
တောင်တန်းဒေသများသို့ ရောက်ရှိလာခြင်း
AD 1420 – ကလေးချိုင့်ဝှမ်းမှ မြောက်ပိုင်းလမ်းကြောင်း ချင်းတောင်သို့ ဝင်ရောက်လာရာတွင် Zangpitam, Khawlmun, Ciimnuai နှင့် Geeltui ရွာများတွင် နေထိုင်ခဲ့ကြသည်။ Ciimnuai ရွာတွင် နှစ်အကြာဆုံး နေထိုင်ကြပြီး၊ အေဒီ 1650 အထိ နှစ်ပေါင်း 200-250 ခန့် အထိ မျိုးဆက် (8) ဆက်တိုင် အောင် နေထိုင် ခဲ့ကြသည် ဟု ရှေးလူကြီးများက ပြောစမှတ်ပြုခဲ့ကြသည်။ (ဥပမာ – စီဇန်း (ဆီးယင်း)၊ ဆိုင်ဇန်၊ ဂွေးသဲ၊ ဇို၊ ဒိမ် အစရှိသည်တို့ဖြစ်ပါသည်)
တောင်ပိုင်းလမ်ကြောင်းဖြင့်ဝင်ရောက်လာသော အုပ်စုများမှာ Lailun, Seipi, Zotlang စသောရွာများ တည်ထောင်ရ်ု Laimi မျိုးနွယ်စုများ၏ ဘိုးဘေးများဖြစ်ကြသည် ဟု ဆိုကြသည်။
AD 1550 – Guite အနွယ်ဝင်ဖြစ်သူ Pu Gui Mang သည် တီးတိန်ရွာ (ယခု တီးတိန်မြို့) ကို စတင် တည်ထောင် ခဲ့သည်။
AD 1800 – Pu Khan Thuam (ခန့်ထွမ်း) သည် နယ်စားကြီးအဖြစ် ကျော်ကြားခဲ့သည်။
AD 1820 – ခေါင်းဆောင်ကြီး ကိုးဦးစုပေါင်းရ်ု တီးတိန်ရွာကို ဒုတိယအကြိမ် တည်ထောင်သည်။
AD 1840-1868 – Pu Kam Hau (ကမ်ဟောက်) သည် တိုက်သူကြီးအဖြစ် အုပ်ချုပ်ခဲ့သည်။
AD 1870 – တွန်းဇံ ရွာ စတင်တည်ထောင်သည်။
AD 1877-78 – Guite မျိုးနွယ်စုဝင်များ တစ်မျိုးသားလုံးနီးပါး မြောက်ဖက်ဆီသို့ တိမ်းရှောက်ကြသည်။
AD 1895 – စက်တင်ဘာလတွင် ချင်းတောင်တန်းအား မြန်မာဘုရင်ခံ လက်အောက်သို့ သွတ်သွင်းခဲ့သည်။
AD 1896 – ချင်းတောင်တန်း ကျင့်ထုံးဥပဒေ (Chin Hills Regulation Act ) ကို ပြဌာန်ခဲ့သည်။
AD 1840-1948 – အုပ်ချုပ်ရေးကို ချင်းပဒေသရာဇ်ကြီးများက Chin Hills Regulation Act ကို ဆက်လက် ကျင့်သုံးအုပ်ချုပ်ခဲ့သည်။
AD 1948 – လွတ်လပ်ရေးရရှိရ်ု အုပ်ချုပ်ရေးကို မြန်မာနိုင်ငံတော်၏ အခြေခံ ဖွ ဲ့စည်းအုပ်ချုပ်ပုံအတိုင်း ပြုပြင်ခဲ့သည်။ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် ချင်းဝိသေသတိုင်းအဖြစ် ရပ်တည်ခဲ့သည်။
AD 1974 – 1974 ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်အရ ယခင် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟု ပြောင်းလဲသတ်မှတ်သည်။
စာပေ
AD 1899 – ခရစ်ယာန်ဘာသာ၊ Pau Cin Hau (ပေါင်ကျင့်ဟောက်) ဘာသာနှင့် ၎င်း၏ စာပေအရေးအသား စတင် ထွန်းကားခဲ့သည်။
AD 1902 – ခရစ်ယာန် ဓမ္မဆရာများက မြန်မာစာကို စတင်သင်ကြားပေးခဲ့သည်။ ၎င်းမှာ စာသင်ကျောင်း များ၏ အစဖြစ်သည်။
AD 1904 – ချင်းအမျိုးသားများ ပုလိပ်တပ်ဖွဲ့သို့ (ယခု- ပြည်သူ့ရဲ) စတင် အမှုထမ်းခဲ့သည်။
AD 1913 – တီးတိန်ချင်းဘာသာ (Kam Hau diatect) ဖြင့် စာပေအရေးအသားနှင့် စာအုပ်ကို Dr. J.H. Cope ကစတင် တီထွင်ရေးသားပေးခဲ့သည်။
AD 1917-18 – ပထမကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံသို့ စစ်ဝန်ထမ်းများ (Labour Corps) အဖြစ် တီးတိန်- တွန်းဇံမြို့နယ်မှ ချင်းအမျိုးသား (1000) ဦးသွားရောက်ခဲ့သည်။ ယင်းတို့အနက် အချို့သော ခေါင်းဆောင် များသည် အင်္ဂလန်နိုင်ငံ Bucking ham နန်းတော်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။
AD 1920 – ချင်းအမျိုးသားများ အင်္ဂလိပ် စစ်တပ်သို့ စတင်ဝင်ရောက်ကာ အမှုထမ်းခဲ့ကြသည်။
AD 1928 – စော်ဘွားကြီး Kam Hau ၏ နယ်တွင် အသုံးပြုသော ဘာသာစကား (ယခုတီးတိန် ဘာသာ စကား) ကို စတင်ရ်ု ကျောင်းသုံးဘာသာစကားအဖြစ် ပြဌာန်းသင်ကြားစေခဲ့သည်။
AD 1934 – တက္ကသိုလ်ပညာများ ဆည်းပူးလာကြသည်။
AD 1948 – တီးတိန်မြို့နှင့် ထုတ်လိုင်တို့တွင် အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည်။
AD 1955 – တီးတိန်မြို့တွင် လျှပ်စစ်ဓါတ်အား စက်ရုံစတင် တည်ထောင်ခဲ့သည်။
AD 1986 – တီးတိန်မြို့တွင် အစိုးရရေအားလျှပ်စစ်ရရှိကာ ဓါတ်အားစတင် ထုတ်ပေးသည်။
AD 1994 – တီးတိန်မြို့နယ် ခိုင်ကမ်းရွာ (ဗိုလ်ခိုင်ကမ်း – ချင်းတော်လှန်ရေးခေါင်းဆောင်) ကလေးကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။
AD 1999(July, 7) – ကောလိပ်အဆင့်မှ ဒီဂရီကောလိပ် ရရှိ။
AD 2003(May, 14) – ဒီဂရီကောလိပ်အဆင့် မှ တက္ကသိုလ် အဆင့်ရရှိ။
AD 1999 (Dec, 27) – A.G.T.I ကျောင်းစတင်ဖွင့်လှစ်ခဲ့၊
AD 2001 (Oct, 5) – Government Technology College အဆင့်တိုးမြင့်ခဲ့။
AD 2007 (Jan, 20) – Technology University အဆင့်ထပ်မံတိုးမြင့်ခဲ့။
AD 2001(Sep, 27) – Government Computer College
AD 2007 (Jan 20) – Computer University
AD 1998 – တီးတိန် အ.ထ.က (1) ရွှေရတုသဘင် ကျင်းပခဲ့သည်။
ဘာသာယုံကြည်ကိုးကွယ်မှုအနေဖြင့် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးတော်မူသော Pasian (ဘုရားသခင်) ကို ယုံကြည် ကိုးကွယ်ခဲ့ကြသည်။
ကလေးကင်ပွန်းတပ်ခြင်း
မွေးဖွားလာသော ကလေးအား နာမည်ပေးရာတွင် ကြီးစဉ်ငယ်လိုက် အဘိုး၊ အဘွား၊ ဘကြီး၊ ဘလေး၊ ဦးလေး၊ အရီး၊ အဒေါ် တို့၏ နောက်ဆုံး နာမည်ဖြင့် အစပြုရ်ု မှည့်ခေါ်ရသည်။ အမည်ပေးရာတွင် မွေးနေ့ နေ့နံအလိုက် အမည်ပေးခြင်း မရှိပဲ ကာလ အဖြစ်အပျက်များ ထည့်လိုပါက နာမည်၏ ဒုတိယနှင့်တတိယ နေရာတွင် ထည့်ပေးရသည်။ အဘိုးအဘွားများ၏ ဂုဏ်သတင်းဖော်ဆောင်ပေးသော အမည်များကိုလည်း ထည့်ရ်ု မှည့်လေ့ရှိသည်။
အမွေဆက်ခံခြင်း
မိဘအမွေ ဆက်ခံပိုင်ခွင့်ထုံးတမ်းအစဉ်အလာ အခိုင်အမာရှိသည်။ အမွေဆက်ခံခွင့် သတ်မှတ်ရာတွင် မျိုးရိုးစုအလိုက် အမွေဆက်ခံပိုင်ခွင့် သီးခြားစီ ထားရှိကြသည်။ တစ်ချို့သော မျိုးနွယ်စုတွင် သားအကြီးဆုံးမှ မိဘအမွေ ဆက်ခံခွင့်ရရှိသည်။ တစ်ချို့ကမူ အထွေးဆုံးသားငယ်အား အမွေဆက်ခံခွင့်ပေးထားသည်။ ယခင်က သားရတနာ မထွန်းကားခဲ့လျှင် သမီးများသည် အမွေဆက်ခံပိုင်ခွင့်မရှိသော်လည်း ယခု မျက်မှောက် ကာလတွင် မိဘများ၏ သဘောဆန္ဒအရ သမီ်းများ၏ အမွေ ဆက်ခံပိုင်ခွင့်ကို ကျင့်သုံး လာကြ သည်။
ချင်းလူမျိုးများသည် တစ်လင်တစ်မယားစနစ်ကို ဘိုးဘွား၊ ဘေဘင် လက်ထက်ကတည်းက အလေးထားပြီး စွဲစွဲမြဲမြဲ သစ္စာရှိစွာ ကျင့်သုံးခဲ့သော လူမျိုးဖြစ်သည်။( Source ; Chin Wikipedia)
No comments:
Post a Comment