Friday 18 March 2022

ကူကီးချင်းတို.သမိုင်း (၃)

 ကူကီးဒေသတွင် အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များအား ခိုလှုံတပ်စွဲစေခြင်း
မြန်မာ န၊ဝ၊တ/ န၊အ၊ဖ စစ် အစိုးရသည် ကူကီးလူမျိုးများ၏ ဘဝလုံခြုံမှု ပိုမိုကင်းမဲ့စေရန်နှင့် ဆင်းရဲဒုက္ခ အမျိုးမျိုးရောက်ရှိစေရန်အတွက် အန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များဖြစ်သော UNLF, PLA, PREPAK, KCP, KYKL, MPLF အစရှိသော သူပုန်အ ဖွဲ့များကို မြန်မာနိုင်ငံအတွင်းရှိ ကူကီးနယ်မြေများတွင် အခြေစိုက်၍ လှုပ်ရှားစေခဲ့သည်။ မြန်မာစစ်တပ်နှင့် အန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များသည် ဒေသအတွင်းရှိ ပြည်သူများအား ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခြင်း၊ မ တရားဆက်ကြေးကောက်ခံခြင်း၊ ပေါ်တာဆွဲခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရိုက်နှက်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ကို အမြဲပင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ 


ထို့အပြင် ပြည်သူများနေ့စဉ်အသုံးပြုသွားလာနေသော နေရာများတွင် မိုင်းထောင်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ လူနေရပ်ကွက်များအတွင်း အရေအတွက် ထောင်သောင်းချီ၍ရှိသော လက်နက်ခဲယမ်းမီးကျောက်များကို သို ဝှက်ထားရာမှ မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားစေခြင်း၊ ငွေစက္ကူအတုများပြုလုပ်ခြင်း၊ လက်နက်နှင့် မူးယစ် ဆေးဝါးအရောင်းအဝယ်လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ကြခြင်းများကြောင့် ဒေသအတွင်း နေထိုင် ကြသော ပြည်သူများ၏ ဘဝလုံခြုံမှုကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက် ရှိနေသည်။

ပို၍ ဆိုးရွားသည်မှာ မြန်မာစစ်တပ်၏ ပံ့ပိုးကူညီမှုများဖြင့် အိန္ဒိယခွဲထွက်ရေး ကသဲသူပုန်အဖွဲ့များသည် ကူကီးရပ်ရွာများအတွင်းတွင်၎င်း၊ ကူကီးရပ်ရွာများကို နောက်ခံထားရှိ၍၎င်း အိန္ဒိယစစ်တပ်နှင့် ဖြစ်စေ ကူကီး အမျိုးသားတပ်မတော်နှင့် ဖြစ်စေ တိုက်ပွဲများဖြစ်ပွားရန် စနစ်တကျ ဖန်တီးလုပ်ဆောင်ခဲ့ကြခြင်းပင်ဖြစ်သည်။

ဤသို့ဖြင့် မြန်မာစစ်တပ်နှင့် မြန်မာစစ်အစိုးရမှ နိုင်ငံရေးခြံစည်းရိုးအဖြစ်ထားရှိသော အိန္ဒိယခွဲထွက်ရေးသူပုန် အဖွဲ့များ၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် ဒေသတွင်းရှိ ပြည်သူလူထု၏ ဘ ဝလုံခြုံမှုမှာ နေ့စဉ်နှင့်အမျှ ပို၍ပင် ဆိတ်သုဉ်းကင်းမဲ့လာခဲ့ရသည်။ 


အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ

Anglo-Kuki War (1917-19) အပြီး အိန္ဒိယအုပ်ချုပ်ရေးနယ်မြေအတွင်း ကျရောက်ခဲ့ရသော ကူကီးနယ် မြေများသည် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိသောအခါတွင်လည်း အိန္ဒိယပိုင်းနက်အတွင်း ဆက်လက်၍ သွတ် သွင်းခြင်းခံခဲ့ရသည်။ ထိုဒေသများမှာ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ အသံပြည်နယ်ရှိ Karbi-Anglong ဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများနှင့် Tripura ပြည်နယ်၏ အချို့ဒေသ အစိတ်အပိုင်းများ ဖြစ်သည်။

၁၉၅၀ ခုနှစ်ကျော်ကာလများတွင် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိသွားသည့် ကူကီးလူ မျိုးများသည် လွတ်လပ်မည့် မီဇိုးနိုင်ငံတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကူကီးနယ်မြေများအားလုံးပူးပေါင်း ပါဝင် နိုင်ရန်အတွက် မီဇိုးလူမျိုးများနှင့် မဟာမိတ်ပြုကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုမဟာမိတ်အဖွဲ့ကို မီဇိုးအမျိုးသား

တပ်ဦး(MNF)မှ ဦးဆောင်ကာ ထိုအဖွဲ့တွင် ကူကီးဘက်မှ Pu.LalKhoHenသည် Sennator အဖွဲ့ဝင်အဖြစ် ၎င်း၊ Pu.DemKhoSehသည် ဒု-စစ်ဦးစီးချုပ်အဖြစ်၎င်း ဦးဆောင်ကာ စစ်ရေးအကူအညီများ ရယူရန် တရုတ် ပြည်သို့ သွားရောက်ခဲ့ကြသည်။ ထို့အပြင် အခြားထိပ်တန်းခေါင်းဆောင်ပိုင်းတွင် Pu.PaoKhoSei, Pu.TN Haokip, Pu.PumKam တို့နှင့် ကူကီးတော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြားပါဝင်ခဲ့ကြပြီး အသက်၊သွေး၊ချွေး မြောက်များစွာကို ပေးဆပ်ခဲ့ကြသည်။

သို့ရာတွင် (MNF) ကို ဦးဆောင်သည့် Laldenga နှင့် မီဇိုအမျိုးသားများသည် ၎င်းတို့၏ တော်လှန်ရေး ဖြစ်သော လွတ်လပ်မည့် မီဇိုးနိုင်ငံထူထောင်ရေးပန်းတိုင်သည် ရောက်ရှိနိုင်မည် မဟုတ်ကြောင်း သိရှိလာ သောအခါ အိန္ဒိယဝန်ကြီးချုပ် India Gandhi နှင့် အပေးအယူပြုလုပ်ကာ မီဇိုရမ်းပြည်နယ်ကိုသာ ရယူထူ ထောင်ခဲ့ကြသည်။ ဤသို့ဖြင့် ကူကီးလူမျိုးတို့၏ ကူကီးတော်လှန်ရေးနှင့် ကူကီးပိုင်နယ်မြေများသည် မဟာ မိတ်တို့၏ တော်လှန်ရေးကတိသစ္စာ ဖောက်ဖျက်ခဲ့မှုကြောင့် ကျရှုံးခြင်းနှင့်အတူ ချန်ရစ်ခြင်းခံခဲ့ရသည်။ (Ref: ကူကီးချင်းဝီကီလိဒ်)

No comments:

Post a Comment