Friday 18 March 2022

ချင်းတို့မူရင်းဒေသ?

 ချင်းတို့  မူရင်းဒေသနကို တချို့က ချင်လုံမှ၄င်း၊ တရုတ်ပြည် ချင်မင်းဆက်မှ၄င်း စတင်ပေါက်ဖွါးသည် ယူဆခဲ့ကြသည်။ သို့သော် သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှ သားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။ ချင်းတို့မှာ တိဗက် မြန်မာအနွယ် ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ 

ဘီစီ (၂၀၀၀)ခန့်တွင် တရုတ်တို့သည် မကြာခဏဝင်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာပြီး တချို့သည် တိဗက်မှာ နေထိုင်ကာ တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ်များမှာ၎င်း၊ တချို့မှာဟူးကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။ 

ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအနှစ်ရှာဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များ ဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည် တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ်ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မူရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။ 

ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ 

ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto- Burma အုပ်စုတွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါ လာသော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စုတွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်၊ မီဇို၊ နာဂနှင့် ဇိုစသည်တို့ ပါဝင် ကြသည်။( Source ; Chin Wikipedia)

No comments:

Post a Comment