Tuesday 15 March 2022

ချင်းလူမျိုးစုများ

 ချင်းလူမျိုး

ချင်းလူမျိုးများသည် ချင်းပြည်နယ်တွင် အများဆုံးနေထိုင်ကြသည်။ မြန်မာနိုင်ငံ၏ နောက်ဘက် ကုန်းမြင့်တောင်တန်းဒေသကြီးနှင့် ချင်းတောင်မြောင်ပိုင်း ဟားခါးနယ်များတွင် အများဆုံနေထိုင်ကြသည်။

မယ်တိုင် (ကသဲ)လူမျိုး

မြန်မာ့မင်းများလက်ထက်ကပင် မဏိပူရပြည်သားများ မြန်မာ့နိုင်ငံတွင်သို့ ရောက်ရှိ နေထိုင်လာခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း ကသည်းတို့နေထိုင် အချက်အျာဒေသမှာ မန္တလေး ဖြစ်သည်။

ဆလိုင်းလူမျိုး

သရက်ခရိုင်၊ ဧရာဝတီမြစ်အရှေ့နှင့် အနောက်ဘက်ကမ်းအတွင်းပိုင်းတွင် အများဆုံးနေ ထိုင်ကြသည်။

ကလင်ကောလူမျိုး(လူရှေ့)

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ဘာဟန်းကျေးရွာအပါအဝင် ကျေးရွာ (၁၄) ရွာ ခန့်တွင်  နေထိုင်ကြသည်။

ခမီလူမျိုး

ဘူးသီးတောင်မြို့နယ်၊ မောတောမြို့နယ်နှင့် ကုလားတန်မြစ်ရိုးတစ်လျှောက်တွင် နေထိုင် ကြသည်။

ခေါင်စိုလူမျိုး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်းဒေသတစ်လျှောက် ပလက်ချောင်းနှင့် ပလက် ချောင်းဖျားတွင် နေထိုင်ကြသည်။

ငွန်းလူမျိုး

တိဗတ်မှပ္ပါး၊ ပုဂံသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ကဘော်ချိုင့်ဝှမ်းမှ ချင်းတောင်တန်းသို့ ငွန်းမျိုးနွယ် စုတချို့သည် ကောလ်နီးဒေသနှင့် ကျိမ်နွဲ့ဒေသသို့ ပြောင်းရွှေ့နေထိုင်ပါသည်။ နောက်ပိုင်းတွင် ချင်းပြည် နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်သို့ ထည့်သွင်းသတ်မှတ်ထားပါသည်။

ဇိုတုန်

ဇိုတုန်တို့တွင် တောင်ပိုင်းချင်းများဖြစ်သည့်အလျောက် တောင်ပိုင်းချင်းပြည်နယ်၊ မတူပီ မြို့အနီး၌ အများအပြားနေထိုင်ကြသည်။

မြောင်ပိုင်းနှင့် ရခိုင်တောင်တန်းဒေသများ၊၌လည်း ဇိုတုန်တို့ကို အနည်းငယ်တွေ့ရ လေသည်။

ဇိုလူမျိုး

ခရစ်တော်မပေါ်မီကာလတွင် တရုတ်ပြည်မှထွက်ခွာလာခဲ့ပြီး ခရစ်တော်ပေါ်ပြီးသော အချိန်၌ ချင်းတွင်းမြစ်ရိုးတလျှာက်တွင် နေထိုင်နှင့်ကြပြီးဖြစ်ပါသည်။ တောင်တန်းဒေသသို့ ပြောင်းရွှေ့ နေထိုင်သွားကြသည့်အထဲမှ အချို့သည်လက်ရှိတီးတိန်မြို့နယ်၊ ဆိုင်းဇံကျေးရွာ အနီးတွင် ကျိမ်နွဲ့ရွာကိုတည် ကြပါသည်။ လက်ရှိတွင် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ အိန္ဒိယပြည်မှ မဏိပူရပြည်နယ်နှင့် မီဇိုရမ် စသော နေရာများတွင်နေထိုင်ကြသည်။

တချို့က ဆွန်ထလားရွာအနီး လိုင်းလွန်းရွာ၊ တချို့ကမှု ဆွမ်းပွေးအရပ်၌ ဘူချွန်းရွာ တည်ကြကာ ထိုမှ မီးဇိုပြည်ဘက်သို့ ပြန့်နှံနေထိုင်ကြသည်။

တီးတိန်လူမျိုး

တီးတိန်မြို့နယ်အတွင်းရှိ လူမျိုးအုပ်စုတို့၏ ဘိုးဘေးတို့သည့် မူလ ရှေးကျောက်ခေတ် ဆီလောက်က ယင်းဂူကြီးထဲတွင် ခိုအောင်းနေထိုင်ခဲ့ကြရာမှ တဖြည်းဖြည်း လူဉီးရေ တိုးပွားလာသဖြင့် ယခုတီးတိန်မြို့နယ် အတွင်းသို့ လာရောက်နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

တေဇန်လူမျိုး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း နေထိုင်ကြသည်။

တိုင်ချွန်းလူမျိုး

တိုင်းချွန်းလူမျိုးအချို့တို့သည် ဖလမ်းမြို့အနောက်ဘက်တွင် ကလရွှန်းကို တည်ထောင်၍ နေထိုင် ကြသည်။ ကလရွှန်းရွာကိုဟားခါးချင်းများ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ပေါင်းများစွာ ဟားခါးချင်းများ လက်​အောက်တွင် ရောက်ခဲ့ပြီးနောက် ယင်းတို့နှင့် စေ့စပ်ကျေးအေးကာ ဖလမ်းရွာကို တည်ထောင်နေ ထိုင်ကြသည်။

ဒိုင်(ယင်းဒူး)လူမျိုး

မြန်မာပြည်၏ အနောက်ပိုင်း၊ ချင်းပြည်နယ်၏ တောင်ပိုင်းမြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝဒေသများတွင် မှီတင်းနေထိုင်ကြသည်။

နာဂလူမျိုး

မြန်မာပြည်၏ အနောက်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များတွင် နေထိုင်ကြသည်။

ပနန်းလူမျိုး

ပနန်းလူမျိုးတို့သည် အရှေ့ဘက်မှ ခမီအမျိုးသားတို့နှင့်အတူ ဆင်းသက်လာကြသော အုပ်စုတစ်စု ဖြစ်သည်ဟုဆိုသည်။ ထို့နောက် ခမီတို့နှင့်ခွဲ၍ အနောက်မြောက်စူးစူးသို့ ထွက်သွား ကြရာ ကလင်ကော့ (လူရှေ) တို့နှင့် အိန္ဒိယနိုင်ငံထဲတွင်တွေ့၍  နှစ်ပေါင်းများစွာ အတူ နေထိုင်ခဲ့ကြသည်။ နောင်သောအခါ  ကလင်ကော့ (လူရှေ့) တို့နှင့် မသင့်မတင့်ဖြစ်၍ ကုလားတန် မြစ်ဖျားခံရာ အရပ်မှ တောင်ဘက်အရပ်သို့ ဆင်းသက်လာခဲ့ကြသည်။

မတူလူမျိုး

၁၄ ရာစုခန့်တွင် ကလေး-ကဘောချိုင့်ဝှမ်း၊ ဂန့်ဂေါ-ထီးလင်းမှတဆင့် မြစ်သာမြစ်ကို အမှီပြု၍ ချင်းပြည်နယ်တောင်ပိုင်းသို့  ရောက်ရှိခဲ့သည်။  မတူပီမြို့နယ်တွင် အများဆုံးနေ ထိုင်ကြသည်။

မိရမ်(မရာ)လူမျိုး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မြောက် ပိုင်း၊ မတူပီမြို့နယ် အနောက်ဘက်၊ အိန္ဒိယနယ်စပ်တို့တွင် ၁၅ ရာစုနှောင်းပိုင်းမှစ၍ ပြန့်နှံ့ နေထိုင်ကြသည်။ အေဒီ ၁၃ ရာစု အလယ်ခန့်တွင် ချင်းတောင်တန်းသို့ စတင်အခြေချ နေထိုင် ခဲ့ကြသည်ဟု ခန့်မှန်းရသည်။

မွင်းလူမျိုး

မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ထီးလင်းမြို့နယ်တို့တွင် နေထိုင်ကြသည်။

လေးမြို့လူမျိုး

လေးမြို့တိုက်နယ်အတွင်းရှိ ချင်းမျိုးနွယ်စုများကို လေးမြို့ချင်းဟု ခေါ်ကြသည်။ အထက် လေးမြို့တိုက်နယ်တွင် ယဲ၊ ခူနှင့်  ဟန်တို့ပါဝင်သော မရာချင်းတို့ ရှိသည်။ အောက်လေးမြို့ တိုက်နယ်တွင် မင်းအုံနှင့် လိုင်ချင်းတို့ပါဝင်သော လေးတူချင်းတို့ နေထိုင်ကြသည်။

ဟွာလ်ငိုလူမျိုး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆုမ်ပွီးရွာမှတဆင့် မူးစိပ်တောင်ခြေ ဆေးပွီးအရပ်၌ ရွာတည်ပြီး ၎င်းရွာတွင် ယနေ့တိုင်နေထိုင်လျက်ရှိပါသည်။ ယခုအခါ ကျေးရွာပေါင်း ၅၈ ရွာ အထိ တိုးတက်တည်ဆောက်ကြပါသည်။ အချို့သောရွာသားများသည် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်သို့ အစုလိုက်ပြောင်းရွှေ့နေထိုင်ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြား တွင် ပြန့်နှံ့နေထိုင်လျက် ရှိပါသည်။

အနူးလူမျိုး

အနူးလူမျိုးတို့သည် ပလက်ဝနယ်တွင် ခမီလူမျိုးတို့နှင့် ရောနှောနေထိုင်ကြသည့် လူမျိုးများဖြစ်သည်။

အရှိုချင်းလူမျိုး(မြေပြန့်)

မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် ပြန့်နှံ့နေထိုင်ကြသည်။

No comments:

Post a Comment