Wednesday 16 March 2022

မြို့ဟောင်း @ မင်းပြား ချင်းတောင်များ

 (က)#မြို့ဟောင်းချင်းတောင်များ (Myohaung Chin Hills)

ယနေ့မြောက်ဦးမြို့နယ်ဖြစ်ပြီး မြို့နယ်မြောက်ဖက် တောင်တန်းများကို ဆိုလိုဟန်ရှိပေသည်။ စာရင်း အတိ အကျ မသိရပါ။ သို့သော်ထိုတောင်တန်းများတွင်လေးတူချင်းများသာနေထိုင်မှုများပြားလေသည်။
 
📌(ခ)#မင်းပြားချင်းတောင်များ (Minbya Chin Hills)
၁။အထက်နှင့်အောက်သံချောင်းကျေးရွာအုပ်စုများ
၂။အထက်နှင့်အောက်ဝက်ချောင်းကျေးရွာအုပ်စုများပါဝင်လေသည်။
 
၎င်းမှာ မင်းပြားမြို့နယ်အတွင်းရှိပြီး အထက်ဖက်အလွန်ခေါင်သောနေရာများမှ လေးတူချင်းများဖြစ်ကြပြီး၊ တွီရှစ်ချင်းလည်းအနည်းငယ်နေထိုင်သည်။ ကျေး ရွာခေါင်းဆောင်များ(Headmen)ကအုပ် ချုပ်သည်။ ၁၉၃၁ သန်ခေါင်စာရင်းအရ လူဦးရေ ၂၀၄၈ ဦးရှိသည်။(U Sein Ogh, Assistant Township Officer, Minbya,1931/U Tha Doe Aung, Assistant Township Officer, Minbya, 1931) 264-266 တွင် ထိုအချိန်က လေးတူမျိုးနွယ် များ၏ ရှေးယဉ်ကျေးမှုဓလေ့များအားလေ့လာဖော်ပြထားပါသည်။ ထိုတောင်တန်း အတွင်းတွင် ချင်းကျေးရွာ များသာအများစုတည်ရှိလေသည်။

ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်တန်းများအနက် လေးတူချင်းများ နေထိုင်သော မင်းပြားတောင်တန်းဒေသသည်လည်း တစ်ခုအပါအဝင်ဖြစ်လေသည်။ ထို့ကြောင့် ထို ဒေသတွင်နေထိုင်သော ချင်းတိုင်းရင်းသားများ သည် ဖွ့ံဖြိုးတိုးတက်မှုတွင် အလွန်ခေတ် နောက် ကျ ကျန်ရစ်လေသည်။ 
 
လေးတူချင်းများနေထိုင်သော တောင်တန်းဒေသများအား လမ်းပန်းဆက် သွယ်ရေးအတွက် ကားလမ်းများ ဖော်လုပ်ပေးခြင်း၊ ဌာနေတိုင်းရင်းသားများအတွက် လုံလောက်သော ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းရေးများလုပ်ဆောင်ပေးရန် အရေးတကြီးလိုအပ်နေ ပေသည်။ လက်ရှိ အခြေ အနေတွင် အချို့ဒေသများသည် မငြိမ်းချမ်းသောဒေသများဖြစ်သည့်အလျောက် ချင်းတိုင်း ရင်းသား များ၏ အနာဂတ်ပျောက်ကွယ်နေသကဲ့သို့ဖြစ်နေရပါသည်။ 
 
နောင်တစ်နေ့ ငြိမ်း ချမ်း သည့်အချိန်တွင် မင်းပြားတောင်တန်းများရှိ လေးတူချင်းတိုင်းရင်းသားများအား၏ အရေး၊ လူမှု အခွင့် အရေး၊ စီးပွားရေး၊ လယ်ယာ၊ နယ်မြေပိုင်ဆိုင်မှုအရေးအား အားစိုက်ရန်အထူး လိုအပ် ပေသည်။ ပြည် နယ်အတွင်းရှိ တိုင်းရင်းသားငယ်များ၏ တိုးတက်မှုအရေးအား ရခိုင်တိုင်းရင်းသား များမှလည်း ညီရင်းအစ်ကိုပမာလက်တွဲလုပ်ဆောင်ကူညီရပေမည်။
( ကိုဟင်နရီအောင်မြင့်/Ro Sang)

No comments:

Post a Comment