Friday 18 March 2022

ကူကီးချင်းတို့ သမိုင်းအကျဉ်း (၁)

 
ကူကီးလူမျိုးများအနေဖြင့် မိမိတို့လူမျိုးများမှာ ရှေးပဝေသဏီအချိန်က khul (ဂူ) မှ တဆင့် ဆင်းသက် လာခဲ့သော Pu.Songthu ၏ မျိုးဆက်များဖြစ်ကြသည်ဟု သမိုင်းစဉ်ဆက် ခေတ်အဆက်ဆက် ဆုပ်ကိုင်ယုံ ကြည်လာခဲ့ကြသည်။

ကူကီးလူမျိုးတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဟန်လင်း (Hatlen) တို့မှတဆင့် အထက်ချင်း တွင်းမြစ်၏ အနောက်ဘက်ကမ်းဒေသများ၊ ချင်းတောင်တန်းမြောက်ပိုင်းဒေသများ၊ နာဂတောင်တန်းဒေသ များ၊ မဏိပူရပြည်နယ်ရှိ တောင်တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အသံ ပြည်နယ်ရှိ Karbi-Anglong ဒေသများအတွင်း ရှေးအကျဆုံး ဝင်ရောက်အခြေချ နေထိုင်လာခဲ့ကြသည့် ဌာ နေတိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။

ကူကီးလူမျိုးတို့သည် ရှေးပဝေသဏီကပင် ကိုယ်ပိုင်နယ်မြေဒေသ(Zale'n-gam)တွင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဘိုးစဉ်ဘောင်ဆက် လွတ်လပ်အေးချမ်းစွာ ရပ်တည်နေထိုင်လာခဲ့ကြသော လူမျိုးတစ်မျိုး ဖြစ်သည်။ ကူကီးလူမျိုးတို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်လာခဲ့ကြသော နယ်မြေများမှာ အရှေ့ဘက်တွင် အထက်ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတလျှောက်၊ ကလေးကဘော်ဒေသမှ နာဂတောင်တန်းဒေသ အထိနှင့် ချင်းတောင်တန်းမြောက်ပိုင်းဒေသတို့ ပါဝင်သည်။ အနောက်ဘက်တွင် မဏိပူရပြည်နယ်ရှိ တောင် တန်းဒေသများ၊ နာဂပြည်နယ်ရှိ Ahthibung, Kanjang ဒေသများ၊ အာသံပြည်နယ်ရှိ Karbi-Anglong ဒေသ တို့ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း (၆,၀၀၀)ကျော် ကျယ်ပြန့်သည်။

ကူကီးလူမျိုးတို့သည် ပြည့်စုံကြွယ်ဝသော ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် တရားစီရင်ထုံးများကိုလည်း သီးခြားပိုင်ဆိုင်ခဲ့ကြပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည်တို့ တွင် မည်သည့်လူမျိုးခြားကိုမျှ အားကိုးမှီခိုခြင်းမရှိဘဲ သမိုင်းစဉ်တလျှောက်လုံး လွတ်လပ်စွာ ရပ်တည်လာခဲ့ ကြသည်။ ကူကီးလူမျိုးတို့သည် မိမိတို့၏ ဘိုးဘွားပိုင်နယ်မြေများအတွင်း သက်ဆိုင်ရာမျိုးနွယ်စု (Haosa) ဟွောင်ဆာ အကြီးအကဲတို့၏ စီမံအုပ်ချုပ်မှု အောက်တွင် စည်းလုံးညီညွတ်စွာဖြင့် စိုးရိမ်ကြောင့် ကျခြင်း မရှိဘဲ လွတ်လပ်စွာ ရပ်တည်လာခဲ့ကြသည်မှာ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်သိမ်းပိုက်မှု မခံရမီအချိန် ထိပင်ဖြစ် သည်။

နယ်စားပယ်စားများဖြစ်ကြသော ကူကီးအကြီးအကဲ (Haosa)ဟွောင်ဆာများသည် ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်မှု အပေါ်တွင် ခုခံတိုက်ခိုက်သင့် မတိုက်ခိုက်သင့် ဆုံးဖြတ်ရန် တမျိုးသားလုံးကို ကိုယ်စားပြုသည့် အစည်းအဝေးများကို ဒေသအတွင်းရှိ Chahsat, Longjaနှင့် Jampiတို့တွင် သုံးကြိမ်တိုင်အောင် ပြုလုပ် ကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေးပွဲများမှ (Haosa) ဟွောင်ဆာ အကြီးအကဲတို့၏ ဆုံးဖြတ်ချက်များအ ရ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ကို အမိမြေမှ စစ်ကြောင်း(၄)ကြောင်းဖြန့်ကျက်ကာ ခုခံတွန်းလှန်တိုက် ခိုက်ကြရန် သဘောတူညီခဲ့ကြသည်။

နယ်ချဲ့အင်္ဂလိပ်တို့သည် ကူကီးဘိုးဘွားပိုင်မြေကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ရန် ဗြိတိသျှ စစ်ဗိုလ် ချုပ် Lieutenant General Sir. Henry D.U.Keary အား ဦးဆောင်စေခဲ့ပြီး ၎င်း၏ ဦးဆောင်မှုအောက်တွင် ဗိုလ်မှူးချုပ် Brigarial Macquidအား စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ကာ ၎င်းတို့ လက်အောက်ခံကိုလိုနီစစ်တပ် များဖြစ်ကြသော Burma Military Police (၃၂၀၀) နှင့် Assam Rifle (၂၆၀၀) အပါအဝင် စစ်သည်တော် စုစုပေါင်း (၇၆၅၀)နှင့် စစ်အရာရှိ (၂၀၈)တို့အား ကူလီ(၈၃၀၀) ကျော်တို့နှင့်အတူ ထိုးစစ်ဆင်စေခဲ့ကြသည်။
 

ထို့အပြင် လူအင်အား၊ စစ်အင်အား၊ လက်နက်အင်အားများစွာမမျှတ၍ ကူကီးလူမျိုးများသည် အလွန် ပင် အခက်အခဲဖြစ်ခဲ့ကြရသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ကူကီးခေါင်ဆောင်များမှာ ပြည်သူများကို ငဲ့ညှာ ရင်း တစုံတရာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းမျှ မရှိဘဲ အညံ့ခံခဲ့ကြသောကြောင့် ၁၉၁၉ခုနှစ် နှစ်ကုန်ပိုင်း တွင် ကူကီးလူမျိုးများနှင့် ကူကီးဘိုးဘွားပိုင်မြေသည် ဗြိတိသျှနယ်ချဲ့အင်္ဂလိပ်တို့၏ အင်ပါယာအစိတ်အပိုင်း တခုအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရလေသည်။

ဤစစ်ပွဲတွင် စစ်ရှုံးခဲ့သော ကူကီးခေါင်းဆောင် Haosa ဟွောင်ဆာများကိုလည်း နေရာခွဲခြားကာ အ နောက်ဘက်ဒေသတွင် နေထိုင်ကြသည့် ကူကီးစော်ဘွားများ ဖြစ်ကြသော....

(1).  Pu. Cheng Ja Pao                      Chief of  AiSan
(2).  Pu. Kho Tin Thang                     Chief of  YamPi
(3).  Pu. Lun Kho Mang                     Chief of  ChahSat
(4).  Pu Tin Tong                               Chief of  LaiJang
(5).  Pu. Pa Kang                              Chief  of  HengLep
(6).  Pu. En Ja Khup                         Chief of  ThenJang
(7).  Pu. Ngul Khup                           Chief of  LonPi
(8).  Pu. Hem Ja Son                         Chief of  TingKai
(9).  Pu. Mang Kho On                      Chief of  LoiBol
(10).Pu. Let Thang                            Chief of  GoBoh
(11).Pu. Lun Kho Mang                     Chief of  ChongJang
(12).Pu. Sem Chung                         Chief of  UKha

တို့ကို အိန္ဒိယပိုင် အက်ဒမန်ကျွန်း အကျဉ်းထောင်တွင် လည်းကောင်း၊ အရှေ့ဘက်ဒေသတွင် နေထိုင်ကြသည့် စစ်ခေါင်းဆောင် ကူကီးစော်ဘွားများ ဖြစ်ကြသော....

(13).Pu. Hao Kho Pao                        Chief  of  MolVaiLup
(14).Pu. Ja Lhun                                 Chief  of  MolVom
(15).Pu. Kam Ja Hen                         Chief  of  PhaiLenJang
(16).Pu. Kon Dem                              Chief  of  SaChih
(17).Pu. Let Ja Hao                            Chief  of  KhoMunNom
(18).Pu. Let Kho Thang                     Chief  of  KhoTuh
(19).Pu. Noh Jang                             Chief  of  SaiSem
(20).Pu. Sem Kho Lun                      Chief  of  PhaiSat
(21).Pu. Son Kho Pao                       Chief of  TuiSom
(22).Pu. Tong Kho Lun                     Chief  of  PhaiLenJang
(23).Pu. Tu Kih                                  Chief  of  TongLhang
(24).Pu. Vum Ngul                            Chief  of  TuJang

တို့ကို မြန်မာနိုင်ငံရှိ တောင်ကြီးအကျဉ်းထောင်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးအကျဉ်းချထားခဲ့ကြ သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် စစ်ရှုံးနိမ့်ခဲ့ကြသဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသော ကူကီးမျိုးချစ် Haosa ဟွောင်ဆာ စစ်ခေါင်းဆောင်များကို သေဒဏ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှခဲ့ကြသည်။ ကျန်ရှိ သော ကူကီးတော်လှန်ရေးသမားများကိုလည်း ဟုမ္မလင်း၊ ခနီး္တ၊ အင်ဖား စသည်တို့တွင် ထောင်ချခြင်း၊ အ လုပ်ကြမ်းများ ပြုလုပ်ခိုင်းခြင်းဖြင့် ရက်ရက်စက်စက် အပြစ်ပေးခဲ့ကြသည်။

စစ်ပြီးဆုံးပြီးနောက်ပိုင်းတွင် အစဉ်အလာအရ အုပ်ချုပ်ရေးနယ်မြေတခုအတွင်း ဆက်စပ်တည်ရှိနေ သော ကူကီးနယ်မြေကို (၂) ပိုင်းခွဲကာ အနောက်ဘက်ခြမ်းကို အိန္ဒိယအုပ်ချုပ်ရေးနယ်မြေ အတွင်းတွင်၎င်း၊ အရှေ့ဘက်ခြမ်ကို မြန်မာအုပ်ချုပ်ရေးနယ်မြေ အတွင်းတွင်၎င်း ထည့်သွင်းအုပ်ချုပ်ခဲ့ကြသည်။ ထို့အပြင် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကူကီးလူမျိုးများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲရန်နှင့် အမျိုးသားရေးလက္ခဏာရပ် များ ပပျောက်တိမ်ကောစေရန် ကူကီးလူမျိုးများအတွင်း သွေးခွဲအုပ်ချုပ်ရေးစနစ်ကျင့်သုံးလာခဲ့ကြရာ ကူကီး လူမျိုးများသည် ဘက်ပေါင်းစုံမှ နိမ့်ကျလာခဲ့ကြသည်။
ကမ္ဘာ့စစ်ပွဲကြီး နှစ်ခုအတွင်း ကူကီးလူမျိုးများမှ ဆင်နွဲခဲ့သော နယ်ချဲ့တော်လှန်ရေးသမိုင်းဖြစ်ရပ်မှန်များ သည် မြန်မာနိုင်ငံ၏ နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးသမိုင်းတွင် ဖျောက်ဖျက်မေ့ပျောက်ခြင်း ခံခဲ့ရ သော်လည်း အိန္ဒိယနိုင်ငံ၏ နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးသမိုင်းတွင် ကူကီးလူမျိုးတို့၏ အခန်း ကဏ္ဍအား ထင်ရှားစွာ မှတ်တမ်းတင်ခဲ့ကြသည်ကို တွေ့ရှိရပေသည်။


နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကူကီးနယ်မြေများအား အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ဝေစုအစိတ်အပိုင်းများ အဖြစ် ပါဝင်ရန် နယ်စပ်ဒေသများ၏ သဘောထားကို မေးမြန်းစုံစမ်းသော အစည်းအဝေးများ၌ ကူကီးလူမျိုး များကို ပါဝင်ကိုယ်စားပြုစေခဲ့သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေး အကြိုကာလ မြန်မာနိုင်ငံနှင့် သက်ဆိုင် သော နယ်စပ်ဒေသများ၏ သဘောထားကို မေးမြန်းစုံစမ်းသော မေမြို့စုံစမ်းရေးကော်မရှင်တွင် အထက်ပိုင်း ကူကီးနယ်မြေများကို ကိုယ်စားပြုသော Pu. SomThong, Pu. NgamJam, Pu. JaVumMi တို့သည်၎င်း၊ အောက်ပိုင်း ကူကီးနယ်မြေများကို ကိုယ်စားပြုသော Pu.LetSo, Pu. OnKhoMang, Pu. NgamKhoThan တို့သည်၎င်း အသီးသီးပါဝင် တက်ရောက်ကာ မြန်မာပြည်မနှင့် ပူးပေါင်းကာ လွတ်လပ်ရေးအရယူရန် ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

Pu. SomThongဦးဆောင်သော ကိုယ်စားလှယ်များသည် မြန်မာပြည်ထောင်စုနှင့် ပူးပေါင်းရန်၊ တိုင်း ပြုပြည်ပြု လွှတ်တော်သို့ ကိုယ်စားလှယ်များ စေလွှတ်ရန်၊ အခြားလူမျိုးစုငယ်တို့ ကဲ့သို့ပင် ခွဲထွက်ခွင့်ရှိရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပမ်းဆက်သွယ်ရေးတို့ကို အလျှင်အမြန် အရေးယူ ဆောင်ရွက်ပေးရန် အပြင် ဗြိတိသျှအစိုးရမှ ဤလိုအပ်ချက်များကို ရရှိစေရန်အတွက် ကြီးကြပ်ကွတ်ကဲသူအဖြစ် တာဝန်ယူပြီး အသိ သက်သေအဖြစ် လက်မှတ်ထိုးရန်တို့ ပါဝင်သော စာတမ်းကို မေမြို့စုံစမ်းရေးကော်မရှင်တွင် တင်သွင်းခဲ့ကြ သည်။ အစည်းအဝေးများ၌ပင် ကူကီးလူမျိုးများသည် လူမျိုးအလိုက်ကိုယ်စားပြု၍ တက်ရောက်ဆွေးနွေးခွင့် မရှိဘဲ နယ်မြေဒေသများကိုသာ ကိုယ်စားပြုဆွေးနွေးခဲ့ကြရသောကြောင့် ကူကီးကိုယ်စားလှယ်များသည် မိမိ တို့အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြသည်ကို တွေ့ရှိရသည်။

အခြားတဖက်တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ကမ္ဘာ့စစ်ပွဲကြီး နှစ်ခုအတွင်း မိမိတို့အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ခိုက်ခဲ့ကြသော ကူကီးလူမျိုးများအား လက်စားချေတုံ့ပြန်သော အနေဖြင့် နယ်ချဲ့အင်္ဂလိပ်အ စိုးရသည် လွတ်လပ်ရေးအကြိုကာလများ၌ ကျင်းပပြုလုပ်ခဲ့သော ဌာနေတိုင်းရင်းသားလူမျိုးစုတို့၏ ဘဝလုံ ခြုံမှုကို အာမခံချက်ရရှိစေမည့် မြန်မာနိုင်ငံ ပင်လုံညီလာခံနှင့် အိန္ဒိယနိုင်ငံ Sillong Accord တို့တွင်မူ ပါဝင် ကိုယ်စားပြုခွင့် မပေးဘဲ လျစ်လျူရှုထားခဲ့သည်။ ထိုကဲ့သို့သော နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လုပ်ဆောင်ချက် များသည် ကူကီးလူမျိုးများ၏ အမျိုးသားရပိုင်ခွင့်များအား ပိုမိုဆုံးရှုံးစေခဲ့ပြီး ယနေ့ထက်တိုင် ကူကီးလူမျိုးများ အတွက် ခါးသီးသော လူမှုအနိဋ္ဌာရုံများကိုသာ ရင်ဆိုင်ကြုံတွေ့ နေစေခဲ့သည်။

ထိုအခြေအနေများကို ရင်ဆိုင်နေကြရသည့်တိုင်အောင် ကူကီးလူမျိုးများသည် နယ်ချဲ့အင်္ဂလိပ်လက် အောက်မှ အမြန်ဆုံးလွတ်မြောက်လိုမှုကိုသာ ရှေ့တန်းတင်ခဲ့ကြသောကြောင့်လည်း ဗမာ့လွတ်လပ်ရေးခေါင်း ဆောင်များ၏ လုပ်ရပ်မှန်သမျှကို ယုံကြည်စွာထောက်ခံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်သော အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ အစိတ်အပိုင်းများအဖြစ်ပါဝင်သော ကူကီးနယ်မြေများနှင့် ကူကီးလူမျိုးများသည် ဒေသ တိုင်းတွင် လူနည်းစုအဖြစ်သို့ ကျရောက်ခဲ့ကြရသည့်အပြင် နယ်ချဲ့အင်္ဂလိပ်ကိုလိုနီဘဝထက်ပင် ပို၍ လွတ် လပ်မှုအနှစ်သာရများ ကင်းမဲ့ဆိတ်သုန်းနေခဲ့ရသည်ကို ယနေ့အထိ ဖြစ်ပျက်နေသော အခြေအနေများ အရ တွေ့ရှိနိုင်ပေသည်။
မာတိကာ

    ၁ မြန်မာနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ
    ၂ (န၊ဝ၊တ) (န၊အ၊ဖ) စစ်အစိုးရခေတ် ကူကီးလူမျိုးများ၏ အခြေအနေ
        ၂.၁ ကူကီးဒေသတွင် ဗမာရွာများကို ဆက်လက် တည်ဆောက်လာခြင်း
        ၂.၂ ကူကီးဒေသတွင် နေရာအနှံ့အပြား၌ ရဲဘက်စခန်းများကို ဆောက်လုပ်ခြင်း
        ၂.၃ ကူကီးဒေသတွင် တပ်စခန်းများကို ပိုမိုတိုးချဲ့ဆောက်လုပ်လာခြင်း
        ၂.၄ ကူကီးဒေသတွင် မြေရိုင်းများကို လယ်ယာမြေမျာအဖြစ် ဖော်ထုတ်ခြင်း
        ၂.၅ ကူကီးဒေသတွင် အစားထိုး သစ်ပင်များကို စိုက်ပျိုးစေခြင်း
        ၂.၆ ကူကီးဒေသတွင် အိန္ဒိယ ခွဲထွက်သူပုန်အဖွဲ့များအား ခိုလှုံတပ်စွဲစေခြင်း
        ၂.၇ ကူကီးဒေသတွင် ထမံသီရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ခြင်း
        ၂.၈ ကူကီးနယ်မြေ၏ အစိတ်အပိုင်းအချို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်းသတ်မှတ်ခြင်း၊

မြန်မာနိုင်ငံအတွင်း သွတ်သွင်းခြင်းခံခဲ့ရသော ကူကီးမြေနှင့် ကူကီးလူမျိုးတို့၏ အခြေအနေများ

ဖ၊ဆ၊ပ၊လ ခေတ် ကူကီးလူမျိုးများ၏ အခြေအနေ။ ။

 မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (ဖ၊ဆ၊ပ၊လ) အစိုးရ ခေတ်တွင် လွတ်လပ်ရေးအကြိုကာလ မေမြို့စုံစမ်း ရေး၌ ကူကီးကိုယ်စားလှယ်များနှင့် (ဖ၊ဆ။ ပ၊လ) ခေါင်း ဆောင်များ၏ သဘောတူညီချက်များကို လုံးဝ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းပင် မရှိခဲ့ချေ။ ပို၍ ဆိုးရွားသည်မှာ ကူကီးလူမျိုးများ၏ မြေယာပိုင်ဆိုင်ခွင့်များကို ရုပ်သိမ်းပစ်ခဲ့ခြင်းနှင့် ကူကီးလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအရ ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့ကြသည့် Haosa ဟွောင်ဆာ(စော်ဘွား) အုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းခဲ့ကြခြင်းသည် (ဖ၊ဆ၊ပ၊လ) အစိုးရခတ်အတွင်း ကူကီးလူမျိုးများအတွက် အ လွန်ကြီးမား လှသော ဆုံးရှုံးမှုကြီးတရပ်ပင်ဖြစ်သည်။ 

 ကူကီးလူမျိုးတို့၏ Haosa ဟွောင်ဆာအုပ်ချုပ်ရေး စနစ် ကို ဖျက်သိမ်းပစ်ခြင်းသည် ကူကီးလူမျိုးများ၏ စည်းလုံးညီညွတ်မှုများကို ဖော်ဆောင်ဦးဆောင် မှုပေးနိုင်သည့် ခေါင်းဆောင်မှုစနစ်ကို ဖျက်သိမ်း ပစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း ကူကီးလူမျိုးများ အတွင်း စည်းလုံးညီ ညွှတ်သော ဦးဆောင်မှုကို ပေးနိုင်သည့် ခေါင်းဆောင်များ ကင်းမဲ့ခဲ့သည်ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး တို့တွင် နှစ်ပေါင်းများစွာ လေလွှင့်နောက်ကျခဲ့ကြရသည်။

ဦးနု၏ (ဖ၊ဆ၊ပ၊လ) အစိုးရခတ်တွင် ကူကီးနယ်မြေဒေသများအတွင်း ဗမာပြည်မမှ ဗမာလူမျိုးများကို ပြည် တော်သာစီမံကိန်းအမည်ဖြင့် စတင်အခြေချနေထိုင်စေခဲ့သည့်အပြင် ကူကီးနယ်မြေဒေသများတလျှောက်လုံး တွင် ဗုဒ္ဓဘာသာဘုရားစေတီများ တည်ဆောက်ခြင်နှင့် ဗုဒ္ဓဘာသာဘုန်းကြီးများကို စေလွှတ်ကာ သာသနာ ပြုစေခြင်များကို ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ဗမာလူမျိုးများနှင့် ဗုဒ္ဓဘာသာကို အခြေချစေခြင်းအားဖြင့် ကူ ကီးနယ်မြေဒေသများအတွင်းတွင် မဟာလူမျိုးကြီးဝါဒကို စတင်ခဲ့သည်။

ဦးနု၏ (ဖ၊ဆ၊ပ၊လ) အစိုးရခေတ်တွင် ကူကီးတိုင်းရင်းသားများသည် ဘဝအာမခံချက် မရရှိကြသည့်အ ပြင်၊ လွတ်လပ်ရေးအကြိုကာလက ကူကီးလူမျိုးများအပေါ် ပေးထားခဲ့သော ကတိများကိုပင် ချိုးဖောက်၍ လျစ်လျူရှုထားခဲ့ကြကြောင်း တွေ့ရှိရသည်။
 

တော်လှန်ရေးကောင်စီအစိုးရနှင့် မ၊ဆ၊လ အစိုးရလက်ထက်တွင် ကူကီးနယ်မြေဒေသအတွင်းရှိ ကူကီး ရွာများ၏ အမည်များကို မှတ်မိရန် ခဲယဉ်းသည်ဟူသော အကြောင်းပြချက်ဖြင့် ဗမာအမည်များကို အစားထိုး ပြီး အတင်းအကျပ် မှည့်ခေါ်စေခဲ့သည်။ ဥပမာအားဖြင့် Valpabung ကို ချောက်နက်ကြီး၊ Lallim ကို နှံမွန်း တား၊ Joumun ကို ဘုက္ကန်၊ Twisaa ကို ကံမ္မကြီး၊ Twi-khal ကို ကျွန်းတောရေရှင်၊ Teijang ကို ကျွန်းပင် သာ၊ Khengjang ကို ကွေ့ကြီး၊ Haipijang ကို ရေနန်း၊ Jangngouphai ကို ရေအေး၊ Munnomjang ကို ကု လားကုန်း စသည်ဖြင့် ကူကီးရွာပေါင်း (၁၀၀) ကျော်ကို ကူကီးအမည်မှ ဗမာအမည်များအဖြစ် ပြောင်းလဲမှည့် ခေါ်စေခြင်းဖြင့် ကူကီးလူမျိုးများအပေါ် တိုက်ရိုက်စော်ကားခဲ့ကြသည်။

မ၊ဆ၊လ အစိုးရခေတ်တလျှောက်လုံးတွင် အာဏာပိုင်တို့သည် အုပ်ချုပ်ရေး၏ ဗဟိုဒေသများအဖြစ် ကူ ကီးနယ်မြေဒေသအတွင်းရှိ ဗမာရွာများကိုသာ ရွေးချယ်သတ်မှတ်ခဲ့ကြခြင်း၊ ကူကီးရွာများအကြား ကွက်ကျား တည်ရှိသော ဗမာရွာသစ်များကို အုပ်စုကောင်စီရုံး၊ အုပ်စုတရားရုံး ရုံးစိုက်ရာနေရာများအဖြစ်၎င်း ရွေးချယ် သတ်မှတ်ခဲ့ကြခြင်း၊ ပညာရေးနှင့်သက်ဆိုင်သော စာသင်ကျောင်းများကို ဗမာရွာများတွင် အဓိကရွေးချယ် ထားရှိခြင်း၊ ကျန်းမာရေးနှင့် သက်ဆိုင်သောမြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေး ခန်းများကို ဗမာရွာများတွင်သာ အဓိကရွေးချယ်ထားရှိခြင်းတို့ဖြင့် လူမျိုးရေးဘက်လိုက် အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးကာ ဗမာလူမျိုးများ၏ လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်သော အုပ်ချုပ်ရေးစနစ်ဖြစ်ရန် စနစ်တကျ အကွက် ချ စီမံခဲ့ကြသည်။

မ၊ဆ၊လ ခေတ်တွင် ကူကီးလူမျိုးများ၏ လယ်ယာမြေများနှင့် ပိုင်ဆိုင်မှုအများအပြားကို ပြည်သူပိုင်အဖြစ် သိမ်းပိုက်ခြင်း၊ လယ်ယာမြေလုပ်ငန်းများတွင် အဓိကအားထား၍ အသက်မွေးဝမ်းကျောင်းရသော ပြည်သူ များ၏ လယ်ယာထွက်သီးနှံ့များကို လွတ်လပ်စွာရောင်းချခွင့် မပြုခြင်း၊ လူကြီးတစ်ဦးလျှင် စပါးတင်း(၂၀) နှင့် ကလေးများအတွက် စပါး(၁၀) တင်းနှုန်းဖြင့် သတ်မှတ်ကာ ပိုလျှံသော စပါးများကို အစိုရအဝယ်ဒိုင်များတွင် ပြင်ပပေါက်ဈေးထက် (၆) ဆမျှလျှော့နည်းသော အဖိုးငွေဖြင့် မတရားဝယ်ယူသိမ်းပိုက်ခဲ့ခြင်း အစရှိသော လုပ်ရပ်များဖြင့် လယ်ယာမြေနှင့် လုပ်အားအပေါ် ဂုတ်သွေးစုပ်ခြယ်လှယ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ဦး နေဝင်း၏ မ၊ဆ၊လ အစိုးရခေတ်တလျှောက်လုံးတွင် ကူကီးပြည်သူများ၏ စီးပွားရေးအခြေအနေမှာ လွန်စွာ ပင် ချွတ်ခြုံကျခဲ့သည်။ (ကိုးကားချက်....ကူကီး ဝီကီလိဒ် )


No comments:

Post a Comment